မျှော်လင့်ခြင်း အားအင်
ငါ့မျှော်လင့်ချက်တွေ ယိုင်နဲ့ပါစေလေ
ပြန်လည်တည့်မတ်ဖို့ ကြိုးစားရမှာပေါ့ ...
အေးစက်နေတဲ့စိတ်ကူးတွေကိုလည်း -
အရင်ထက်လင်းလက်ဖို့ ထွန်းညှိရဦးမယ် ... ။
ချစ်သူ ...
ဟိုး ... အဝေးကချစ်သူရေ ...
တို့နှစ်ဦးမလွန်ဆန်နိုင်ခဲ့တာ -
အိမ်ပြန်ချိန်တွေတိုင်း ခွဲခွါခဲ့ရခြင်းတွေမဟုတ်လား ... ?
တို့အတူ ခံစားနားလည်ခဲ့ကြတယ် ...
မျက်ရည်တွေလည်း ဝဲခဲ့ကြတယ် ...
ဘယ်သူမှ မလိုချင်ပဲ ရရှိထိရှခဲ့တဲ့ -
ခပ်ပြင်းပြင်း အလွမ်းဝိုင်ကိုမော့ပြီး
( တစ်နေ့တစ်နေ့ ) ငေးဆွေး ထိုင်မှိုင်နေရတာ-
စိတ်ပျက်စရာ အဓိပ္ပါယ်မဲ့ပေမယ့် .....
ဖွင့်ဟတိုင်တည်စရာမလိုပဲ -
ကိုယ်စီရှိခဲ့တဲ့ သစ္စာစကားတွေကြောင့်
တစ်ချိန်ချိန် ...
အလွမ်းရာသီကုန်ဆုံးလို့
အနမ်းမိုးတွေဆွေဦးမယ့်မနက်ဖြန်မှာ -
အရင်လို ... စကားတွေပြောရင်း .....
အရင်လို ... လမ်းတွေအတူလျှောက်ရင်း .....
အရင်လို ... ကဗျာတွေ ရေးရင်း ဖတ်ရင်း
အရင်ထက်ခိုင်မြဲတဲ့ တွဲလက်တစ်စုံနဲ့ -
ငြိမ်းချမ်းတဲ့ အပြာရောင်ညကို တို့အတူချယ်မှုန်းကြမယ် ..... ။ ။
Black Coffee
ReplyDeleteBlack Coffeeနှစ်ခွက်Strawberry cakeနှစ်ချပ်နဲ့အစိမ်းသက်သက်လွပ်လပ်နေတဲ့ထိုင်ခုံလေးမှာ ဟိုတစ်ချိန်ကရင်ခုန်စရာအနမ်းတွေပါးပြင်မှာပျော်ဝင်စွာ စီးဆင်းခဲ့ဖူးတယ်။မ၀ံ့မရဲ နှစ်ယောက်အမှားအမှန်နဲ့ပြန်ဆက်ရန်မလွယ်ခဲ့လမ်းခွဲလောက်စရာ အတိတ်ဆိုတာလဲမရှိတော့ဘူးလေ။ဇာတ်လမ်းတစ်ပုဒ်ရဲ့အဆုးံကိုအစကပြန်ကြည့်ကောင်းပေမယ့်အချစ်တစ်ခုရဲ့သမိုင်းကြောင်းဆိုတာပြန်လှန်ကောင်းတာမှ မဟုတ်တာ။ခုတော့အားလုးံပြီးဆုးံသွားခဲ့ပြီဟိုအရင်ရင်ထဲမှာရင်ခုန်သံပြင်းမလာတဲ့အချစ်တွေပုန်းနေတုန်းကလိုသူငယ်ချင်းဖြစ်ခွင့်ဘ၀နဲ့ပဲကျေနပ်ပြီဖြူစင်တဲ့ကြိုးတစ်ချောင်းကိုအရောင်မပြောင်းအောင် စောင့်ထိန်းကြရအောင်
အရမ်းကောင်းပါတယ်
ReplyDelete