Tuesday, 29 January 2013

တမ်းချင်း (၁)

တမ်းချင်း (၁)

နှလုံးသား၌

ဆူးနစ်နေသော အလွမ်းဆူးများစွာကို

ချစ်သူ မှတပါး

အခြား မည်သူဖယ်ရှားနိုင်အံ့နည်း .....

လန့်လန့်နိုးစေတတ်သော ညအိပ်မက်ဆိုး

ဆိုးသွမ်းရိုင်းစိုင်းလွန်းတဲ့ အလွမ်းရိုင်း

အလွမ်းရိုင်းအိပ်မက်ဆိုးတွေကို ကြိုးပေးသတ်လိုက်ဖို့

ချစ်သူ၏ဆံနွယ်တစ်ပင် ပေးသနားပါ .....

ဒိုင်ယာရီစာအုပ်ကို ဖွင့်ဟလိုက်ချိန်တိုင်း

ပင့်သက်ရှိုက်သံကြားက မျက်ဝန်းတစ်စုံ

ခဏခဏမိုးဆွေနေတာ ရပ်တန့်ပါစေ ...

ပြီး ... နောက်ရာစုနှစ်များအထိ -

အလွမ်းမျက်ရည်မိုးခေါင်သွားအောင်

ညင်သာတဲ့ တန်ခိုးအာဏာနဲ့ အမိန့်ပေးတားမြစ်ဖို့

မနက်ဖန်ခါဆို ချစ်သူပြန်လာပေးပါ .....

တကယ်လို့များ ...

ကံကြမ္မာသာ လိမ္မာရိုးစင်းခဲ့ရင်

ဘယ်သူမေးမေး / ဘယ်သူဖြေဖြေ

တို့နှစ်ယောက်ရဲ့နေရပ်လိပ်စာဟာ ဧဒင်ဥယျာဉ်ပဲဖြစ်လိမ့်မယ် .....     ။     ။

1 comment: