My Error Page
ဒီလိုနဲ့ -
ကြိုးညှိရင်းမိုးလင်းတော့မယ်
ကီးကြောင်မှာကို စိုးရိမ်နေတော့ ...
ကဗျာလေးတွေ အသံမမြည်ခဲ့ဘူး .....
စကားလုံတွေ ဖျားနာနေချိန်မှာ -
အိပ်မက်ထဲ ပန်းချီဆွဲမိတော့ -
စာမျက်နှာတိုင်း Error ပြခံရတယ် .....
တိုက်တိုက် ဆိုင်ဆိုင်ပါပဲ -
ထောင်ချောက်ကိုဆွဲဖွင့်ကြည့်လိုက်မှ
ဝမ်းသာအားရ ငါ့ကိုယ်ငါ ပြန်ရှာတွေ့ခဲ့တယ် ..... ။
☺ ♥ ☻
နေ မိုး ဆောင်း
ပူ ရွာ ည
ထဲ ထဲ တွေ
လျှောက် မ ထဲ
ခဲ့ နား မ
တယ် ... သေး အိပ်
ရှာ ဘူး စက်
ဖွေ ဆက် သေး
မှု လျှောက် ... ဘူး ...
တစ် ... တယ် ... အိပ်
ခု တက် စက်
အ မက် လို့ တွက် ... မှု မ
တစ် ဖြစ်
ခု သေး
အ ... ဘူး ...
... တွက် ...
ခရီးကလည်းရှည်တယ် ...
လိုချင်တဲ့အရာကလည်းရှားပါးတယ် ...
အဓိပ္ပါယ်နက်နဲ ပြီး တန်ဖိုးရှိလွန်းတယ် .....
ဒါပေမယ့် လုယူမယ်သူမရှိဘူး -
ဒါပေမယ့် ရှာဖွေတွေ့ရှိခဲ့ရင် မျှဝေရမယ် .....
အဲဒီလို သိဖို့ အတွက်လေးကို အနှစ်နှစ်ဆယ်ကျော်ကြာခဲ့တယ် ....
ငါလိုချင်တာ -
ရေရောမထားတဲ့ အလင်းရောင်တွေ -
ဆေးဆိုးမထားတဲ့ အလင်းမှုံတွေ
အဆိပ်ခတ်မထားတဲ့ အလင်းစက်တွေပဲ ....
ခု - လောလောဆယ်တော့
မှန်ကြည့်တိုင်း အလင်းရိုင်း ကိုတွေ့တယ် ..... ။ ။
No comments:
Post a Comment