Tuesday, 29 January 2013

နောင်တ


မျှင်ယဲ့ယဲ့ အသက်တစ်ရှိုက်မှာ
ခိုစီးနေတဲ့ ပင့်သက်မောတွေနှင့်
အလွမ်းထောင်ချောက်မိနေသူ ငါ
ရင်နှင့်မဆံ့တော့တဲ့
လွတ်မြောက်ပြေးထွက်လိုစိတ်
နာရီမလပ် ထိန်းချုပ်ထားခဲ့တာ
အချစ်တစ်ခုတည်းအတွက်ပါ …
ဆည်းဆာနေညိုချိန်ဆိုတာ
ရင်ကို ပင့်ထိုးတဲ့
လက်ဝှေ့သမားပဲ …..
ပွဲကြည့်စင် တစ်ဖက်မှာ
ငါ့ချစ်သူ နင်က
လှောင်ပြုံး တစ်ချက်နှင့်
ငါ ကတော့
နောင်တတွေ
လင်းခနဲ လက်ခနဲ ပွင့်လို့ …… ။

No comments:

Post a Comment