Friday, 18 January 2013

နှလုံးသား သစ္စာ

နှလုံးသား သစ္စာ





ရင်ခုန်တာ နင် မသိပေမယ့် 
သိအောင်လည်း မပြောတော့ပါဘူး
ဝေဒနာ မမြင်မိသူ အတွက်
မြင်မိအောင်လည်း မပြတော့ပါဘူး
ရင်ခုန်သံ မျက်နှာချင်း ဆိုင်ချင်သူမို့
ဗလာကျင်းတဲ့ (မ) နှလုံးသားမှာ
မုန်းပွားစရာ အချစ်လည်းမဖြည့်တော့ပါဘူး
လိုအင်ကို အစိမ်းချုပ်
ဆန္ဒကို ရေမှာမျှော
 မသောသော ရယ်ဖို့ရာ
အစဉ်ရှိ အချစ်တေးတို့
သခင်ဝေးတဲ့ ငါ့ရင်မှာ
ပေးဆပ်ဖို့ရှင်သန်
ဒဏ်ရာတွေ မမ မရအောင်
ခရေ အသွင်နဲ့
မြေပြင်မှာ ဖြန့်ကာကြဲလိုက်မယ်
နှလုံးသားကို လမ်းခင်း
ချစ်သူ...မမလေးသာလိုရာကိုလျှာက်ပါတော........
ရင်ထဲက မထံသို့။.
     လွမ်း...................

No comments:

Post a Comment