Monday, 14 January 2013

မင်းရဲ့အပြု့အမူ့

ချစ်သူ………………
နင်နဲ့တွေ့တိုင်း
မထုံတက်ထေးအမူအရာနဲ့
မျက်နှာလွှဲပစ်ခဲ့တာ
နင့်ကိုမုန်းလို့မှမဟုတ်တာ
အေးစက်တဲ့အမူအရာတွေရဲ့ နောက်ကွယ်မှာ
ရူးမတတ်ချစ်ခြင်းတွေနဲ့
နွေးထွေးပျူငှာစွာ ကြင်နာချစ်နေတဲ့
ဆန္ဒနွေးနွေးလေးတစ်ခုရှိတယ်
အသက်မပါတဲ့အကြည့်တစ်ချက်ရဲ့နောက်ကွယ်မှာ
တန်ပြန်သက်ရောက်လာမဲ့ ချစ်ခြင်းတွေကို
အသေအလဲတောင်းတနေမိတဲ့
အသက်ဝင်တဲ့မျက်ဝန်းတစ်စုံရှိတယ်
အဲဒါတွေ နင်သိမှာစိုးလို့
မိန်းကလေးတစ်ယောက်ရဲ့ မာနနဲ့ သိက္ခာအတွက်
အဝေးဆုံးကိုပြေးထွက်ခဲ့တာပါ
နင်သာ………….အဲဒါတွေသိခဲ့မယ်ဆိုရင်………

1 comment: