Saturday, 19 January 2013

တစ်ခါတစ်ရံ လွဲမှားချင်း

ချစ်ခြင်းတွေ တနေ့ထက် တနေ့များများလာလို့
မျိုချဖို့လဲခက် အန်ထုပ်လို့လဲမရ
သံယောဇဉ် ကလဲ တခါတရံ နားလည်မှု တွေလွှဲ
နှစ်ဦးနှစ်ဖက်ရင်ဘတ်ထဲ
တိမ်မဲ တိမ်ညိုတွေ မကြာခဏ
ဝင်ဝင် ဆောင့်နေတော့
ကြာခဲ့ရင် အရင်တိုင်းချစ်ပါ့မလား
စိုးရိမ်စိတ်တွေပို
ယုယမှုတွေ လိုပြီးရင်းလို
အကြင်နာတွေ ထပ်ပြီးတောင်းတ
အဲတာတွေ ငါ့အပြစ်လားဟယ်
တစ်ယောက်နဲ့ တစ်ယောက်ချည်နှောင်ထားတဲ့
သံယောဇဉ်ကြိုး
မိုက်မဲမှုလို့ထင်နေတာလား
စကားလုံးတွေ နူးညံ့ပြီး
ဂရုစိုက်မှုတွေ ထပ်တိုးကြည့်
ချစ်ခြင်းတွေသာယာပြီး
နားလည်မှုလေးတွေ ပြေဆင်းလို့
အခြေအနေကောင်းလေးဖြစ်မှာပါ ။

No comments:

Post a Comment