အကွာအဝေး
တို့နှစ်ဦးကြားကမိုင်တွေ
မဖြစ်စလောက် ခရီးအကွာအဝေးလေးက
ပိုးစို့ပက်စက် ငါ့ရင်ထဲ အလွမ်းတွေ စိုက်ပျိုးတယ် ..... ။
ချစ်တဲ့သူက ချစ်သူဆီကို -
ပျံသန်းခဲ့ချင်ပါတယ် ...
ငါစိုးရိမ်တာက
ငါ့အတောင်ပံခတ်သံကြောင့်
ချစ်သူရဲ့ကောင်းကင် ပျက်စီးသွားမလား ... ?
တွေ့ဆုံခွင့် ဆိုတဲ့
ငါ့အလွမ်းပြေဖို့ကြိုးစားမှုတွေကြောင့်
ချစ်သူရဲ့ ပန်းချီကားမှာ
အပြာရောင်တွေကျန်ပါဦးမလား ...?
... ချစ်သူရယ် ...
မပြည့်စုံသေးတဲ့ဘ၀မှာ
အစာမကြေနိုင်မှန်းသိရက်နဲ့ပဲ အလွမ်းတွေကို မျိုချနေရတယ် ..... ။ ။
No comments:
Post a Comment