Tuesday, 29 January 2013

မျက်ရည်ကျစရာ ဟာသတစ်ပုဒ်

မျက်ရည်ကျစရာ ဟာသတစ်ပုဒ်

မမ်မိုရီထဲမှာ တန်ပိုတွေ များလွန်းလို့ ...

အလွမ်းတစ်ချို့ကို  သော့ခတ်ထားချင်လည်း ...

" ... မင်း ဘယ်လောက်ပဲ မူးမူး သတိရခြင်းတွေက လူမမှားဘူး ... " တဲ့

တစ်ညလုံး

ပင့်ကူအိမ်ထဲ ခုန်ချလိုက်ပါတယ် ..... ။

Password ထည့်ထားတဲ့ ငါ့မျှော်လင့်ချက်က -

* ယုယုယယနဲ့ အတူတကွနေကြမယ့် နေ့လေး *

စာရင်း ဇယားနဲ့ အတိကျဖော်ပြရရင်

ကတိစကားတစ်ခွန်းကလွဲပြီး

သေချာရေရာမှုမရှိသေးတဲ့ နေ့စွဲတစ်ခုပေါ့ ...

ရင်ဘက်ထဲက ပြည့်နက်နေလည်း -

အိပ်ကပ်ထဲမှာ လေခိုနေတော့ -

နံနက်စောစောမှာပဲ နေဝင်ခံခဲ့ရတယ် ..... ။

ဝမ်းမနည်းပါဘူး ...

ငါ့ဘက်က သက်သေတွေ သုံညနဲ့ ညီမျှသ၍ -

မည်သူမဆို လွတ်လပ်စွာ သံသယ ဝင်နိုင်ပါတယ်လေ .....

ချစ်သူ ...

အကူအညီလိုတိုင်း ဘုရားသခင်ကို ဖုန်းဆက်ရမှာလား ... ?

မင်းနားလည်အောင် စကားထာဖွက်ရရင် -

ငါက -

ဆုတောင်းခြင်းကို ဘယ်က စရမှန်းမသိခဲ့သူပါ ..... ။      ။

1 comment: