Sunday, 11 August 2013
Monday, 29 July 2013
ဖေဖေနှင့်မေမေ
ဝေးတဲ့စိတ်
ဝေးတဲ့စိတ်မြို့လေးနဲ့လဲ............ဝေးကျွန်တော်ချစ်တဲ့အဖေ အမေနဲ့ လဲ...ဝေးကျွန်တော်ချစ်တဲ့ ရွာလေးနဲ့ လဲ...ဝေးကျွန်တော်ချစ်တဲ့ မြိုင်မြို့လေးနဲ့လဲဝေး..........ဝေးအဝေးတစ်နေရာကိုရောက်နေတဲ့ သား စိတ်ထဲမှာတွေးလို့  ဖြေဖျေက်နိုင်ဖို့ အဝေးရောက်တဲ့ သား အဖေ အမေရဲ့ ဆုံးမသံတွေကို ကြားချင်နေမိခဲ့တယ် ။အဖေ အမေရဲ့ ဆုံးမသံစကားတစ်ခွန်းဟာနေမင်းတစ်စင်းလို လင်းထင်းစေတယ် ... အဖေ အမေရဲ့ ဂရုဏာဒေါသဟာသားအတွက်သောကတွေအကုန်ငြိမ်းစေနိုင်သလိုအဖေ အမေ့ရဲ့ အပြုံးတစ်ချက်မှာသားအတွက်တစ်ဘဝဆက်နိုင်ခဲ့တယ် ...ဝေးစိတ်ကလေးရယ် ...အဖေ အမေဆုံးမသံတွေဟာသားဖြတ်သန်းရမဲ့ နောက်မနက်ဖြန်တွေအတွက် ဝေးစိတ်ကလေးတွေကိုဖြေဖျောက်နိုင်မဲ့ အားဆေးတစ်ခွက်ပါ လွမ်းလှပြီး သားချစ်တဲ့ဖေဖေနှင့်မေမေ
မင်းမင်းဇော်
ဝေးတဲ့စိတ်မြို့လေးနဲ့လဲ............ဝေးကျွန်တော်ချစ်တဲ့အဖေ အမေနဲ့ လဲ...ဝေးကျွန်တော်ချစ်တဲ့ ရွာလေးနဲ့ လဲ...ဝေးကျွန်တော်ချစ်တဲ့ မြိုင်မြို့လေးနဲ့လဲဝေး..........ဝေးအဝေးတစ်နေရာကိုရောက်နေတဲ့ သား စိတ်ထဲမှာတွေးလို့  ဖြေဖျေက်နိုင်ဖို့ အဝေးရောက်တဲ့ သား အဖေ အမေရဲ့ ဆုံးမသံတွေကို ကြားချင်နေမိခဲ့တယ် ။အဖေ အမေရဲ့ ဆုံးမသံစကားတစ်ခွန်းဟာနေမင်းတစ်စင်းလို လင်းထင်းစေတယ် ... အဖေ အမေရဲ့ ဂရုဏာဒေါသဟာသားအတွက်သောကတွေအကုန်ငြိမ်းစေနိုင်သလိုအဖေ အမေ့ရဲ့ အပြုံးတစ်ချက်မှာသားအတွက်တစ်ဘဝဆက်နိုင်ခဲ့တယ် ...ဝေးစိတ်ကလေးရယ် ...အဖေ အမေဆုံးမသံတွေဟာသားဖြတ်သန်းရမဲ့ နောက်မနက်ဖြန်တွေအတွက် ဝေးစိတ်ကလေးတွေကိုဖြေဖျောက်နိုင်မဲ့ အားဆေးတစ်ခွက်ပါ လွမ်းလှပြီး သားချစ်တဲ့ဖေဖေနှင့်မေမေ
မင်းမင်းဇော်
Sunday, 28 July 2013
ငါ့ရဲ့နှလုံးသားရပ်ဝန်း
တကယ်ပါချစ်သူ…
တကယ်ပါချစ်သူ….ပေးဆပ်မှုတောင်ပံတစ်စုံရဲ့အောက်မှာဖြူစင်တဲ့နှလုံးသားရပ်ဝန်းရှိတယ်….။မြှားတစ်စင်းဆင်ရုံလေးနဲ့တော့မကျီစားပါနဲ့…ချစ်သူရယ်….ပြိုကျခဲ့ရတဲ့ အိပ်မက်ရှည်တွေကိုအခါခ်ါခေါက်သိမ်းရင်း…မြတ်နိုးမှုသက်သက်နဲ့တင်ကျေနပ်မိသူတစ်ယောက်ကိုမှအလွမ်းတွေ…ပန်းလိုသီဖို့ဝေဒနာပန်းတစ်ခင်း ဖန်ဆင်းပေးရက်တယ်…။ ။ငါသာလျှင်..မင်းရဲ့အကြည့်မင်းရဲ့အပြုံးတို့စေစားရာ။ငါသာလျှင်.မင်းရဲ့အသံမင်းဟန်တို့ရဲ့ရည်မှန်းရာ။ငါသာလျှင်..မင်းနှလုံးသားမင်းအတွေးတို့ပိုင်စိုးရာ။မမြဲ……..ဖြစ်နေချင်ခဲ့။မင်းနဲ့ပတ်သက်သမျှအရာအားလုံးလိုချင်တပ်မက် တောင့်တရင်းနဲ့…ချစ်သူငါ့အနားမှာမင်းမရှိခဲ့၇င်တောင်……မင်းအနားမှာ…ငါမှတပါး….အခြားဘယ်သူကိုမှ…မရှိစေချင်ပါ။ ။
တကယ်ပါချစ်သူ….ပေးဆပ်မှုတောင်ပံတစ်စုံရဲ့အောက်မှာဖြူစင်တဲ့နှလုံးသားရပ်ဝန်းရှိတယ်….။မြှားတစ်စင်းဆင်ရုံလေးနဲ့တော့မကျီစားပါနဲ့…ချစ်သူရယ်….ပြိုကျခဲ့ရတဲ့ အိပ်မက်ရှည်တွေကိုအခါခ်ါခေါက်သိမ်းရင်း…မြတ်နိုးမှုသက်သက်နဲ့တင်ကျေနပ်မိသူတစ်ယောက်ကိုမှအလွမ်းတွေ…ပန်းလိုသီဖို့ဝေဒနာပန်းတစ်ခင်း ဖန်ဆင်းပေးရက်တယ်…။ ။ငါသာလျှင်..မင်းရဲ့အကြည့်မင်းရဲ့အပြုံးတို့စေစားရာ။ငါသာလျှင်.မင်းရဲ့အသံမင်းဟန်တို့ရဲ့ရည်မှန်းရာ။ငါသာလျှင်..မင်းနှလုံးသားမင်းအတွေးတို့ပိုင်စိုးရာ။မမြဲ……..ဖြစ်နေချင်ခဲ့။မင်းနဲ့ပတ်သက်သမျှအရာအားလုံးလိုချင်တပ်မက် တောင့်တရင်းနဲ့…ချစ်သူငါ့အနားမှာမင်းမရှိခဲ့၇င်တောင်……မင်းအနားမှာ…ငါမှတပါး….အခြားဘယ်သူကိုမှ…မရှိစေချင်ပါ။ ။
ချစ်သူဖတ်ဖို့…..
ချစ်သူသတိရစိတ်တွေ..ပိုပိုတိုး..ရင်ထဲမှာ နွေလိုမျိုးပဲ..ပူပြင်းလောင်မြိုက်..လွမ်းဆွတ်ခြင်းတွေနဲ့..မှောင်မိုက်လို့လေ….ဝေးနေတဲ့ခါ..တစ်စက္ကန့်ကို တစ်ကမ္ဘာထင်တတ်သူမို့အရာရာကို စတေး..ငါ့အနားမှာ.. မင်းရှိနေဖို့ပဲ အရေးကြီးပါတယ်…ငါ့ မနက်ဖြန်တွေလည်းမင်းကို ချစ်တဲ့ အချစ်နဲ့ လှပနေတတ်ပြီမို့..စိတ်မချတဲ့ အတွေး..နည်းနည်းမှ မမွေးပါနဲ့နော်…ဘာလို့လဲဆို…မင်းမျက်နှာ ညိုရင်…ငါ့ကမ္ဘာ တစ်ခါပြိုတယ်လေ……ထားခဲ့တဲ့ ကတိသစ္စာတွေနဲ့…လက်ကို ခိုင်ခိုင်တွဲ…အခက်အခဲတွေကို…ရင်ဆိုင်တိုက်ပွဲ ဆင်နွှဲကြမယ်…..တစ်ယောက်ကို တစ်ယောက်ထူမတ်…တစ်ယောက်နဲ့တစ်ယောက် ကျောချင်းကပ်လို့…ဘ၀ရဲ့ နက်နဲတဲ့ပုစ္ဆာ…ငါတို့တွေ အဖြေရှာကြမယ်…အပေးအယူမျှတ..အချင်းချင်းဖေးမလို့…ခါးသီးတဲ့နေ့တွေကို ကျော်ဖြတ်…နားလည်မှုတွေနဲ့.. ခရီးဆက်ကြမယ်…..သံသရာ အဆက်ဆက်…လက်တွဲဖော်..ပါရမီဖြည့်ဘက်အဖြစ်…မင်းနဲ့အတူဆို…ဘယ်တော့မှ……ငါ့စိတ်မှာ မငြိုငြင်ဘူးလေ………။
ချစ်သူသတိရစိတ်တွေ..ပိုပိုတိုး..ရင်ထဲမှာ နွေလိုမျိုးပဲ..ပူပြင်းလောင်မြိုက်..လွမ်းဆွတ်ခြင်းတွေနဲ့..မှောင်မိုက်လို့လေ….ဝေးနေတဲ့ခါ..တစ်စက္ကန့်ကို တစ်ကမ္ဘာထင်တတ်သူမို့အရာရာကို စတေး..ငါ့အနားမှာ.. မင်းရှိနေဖို့ပဲ အရေးကြီးပါတယ်…ငါ့ မနက်ဖြန်တွေလည်းမင်းကို ချစ်တဲ့ အချစ်နဲ့ လှပနေတတ်ပြီမို့..စိတ်မချတဲ့ အတွေး..နည်းနည်းမှ မမွေးပါနဲ့နော်…ဘာလို့လဲဆို…မင်းမျက်နှာ ညိုရင်…ငါ့ကမ္ဘာ တစ်ခါပြိုတယ်လေ……ထားခဲ့တဲ့ ကတိသစ္စာတွေနဲ့…လက်ကို ခိုင်ခိုင်တွဲ…အခက်အခဲတွေကို…ရင်ဆိုင်တိုက်ပွဲ ဆင်နွှဲကြမယ်…..တစ်ယောက်ကို တစ်ယောက်ထူမတ်…တစ်ယောက်နဲ့တစ်ယောက် ကျောချင်းကပ်လို့…ဘ၀ရဲ့ နက်နဲတဲ့ပုစ္ဆာ…ငါတို့တွေ အဖြေရှာကြမယ်…အပေးအယူမျှတ..အချင်းချင်းဖေးမလို့…ခါးသီးတဲ့နေ့တွေကို ကျော်ဖြတ်…နားလည်မှုတွေနဲ့.. ခရီးဆက်ကြမယ်…..သံသရာ အဆက်ဆက်…လက်တွဲဖော်..ပါရမီဖြည့်ဘက်အဖြစ်…မင်းနဲ့အတူဆို…ဘယ်တော့မှ……ငါ့စိတ်မှာ မငြိုငြင်ဘူးလေ………။
အဆုံးရှုံးခံ နှလုံးသား
ငါ့နှလုံးသားထက်ကအချစ်ဆိုသော စာမျက်နှာငါချစ်တဲ့ နင့်ကြောင့်သာအသက်ဝင်တယ်…..ငါမရင်းနှီးသေးသောငါနှလုံးသားရဲ့နောက်စာတစ်မျက်နှာနင်စိတ်တိုင်းကျဇာတ်ညွန်းတို့နဲ့ ပုံဖော်လှည့်ပါနင်ထားရာနေ စေရာသွားနင့်အလိုကျ (ငါ) ကပါ့မယ်ချစ်သူ…..နင်ပျော်မယ်ထင်ရင်ငါ့ရင်ကို စုံကန်လို့ငါ့နှလုံးသားကိုနင်းချေ ထွက်သွားလိုက်ပါနင့်ကိုမုန်းဖို့မတတ်နိုင်မှတော့နင်မယုံကြည်နိုင်တဲ့ငါ့အချစ်တွေကိုသာအပြစ်ပုံချလို့ကြေမွနေတဲ့ ငါ့နှလုံးသားကိုမြေမြှပ်ပစ်ဖို့ ကြိုးစားလိုက်ပါ့မယ်……နင့်ဘ၀အတွက်လမင်းတစ်စင်းအဖြစ်လင်းလက်ခွင့်မရရင်တောင်နင့်ဘ၀မှောင်မိုက်ချိန်မှာအလင်းပေးနိုင်တဲ့ကြယ်တစ်စင်းဖြစ်ပါရစေ…“အလျှော့ပေးလို့ရောင့်တတ်တယ်”လို့တော့မထင်လိုက်ပါနဲ့ ချစ်သူဖြစ်နိုင်ရင်အလင်းပေးရုံမကနင်လမ်းပျောက်ခဲ့ရင်လမ်းပြခွင့်ရတဲ့ဓူဝံကြယ်လေး ဖြစ်ပါရစေ…နင့်ဘ၀အတွက်ငါမလိုအပ်တော့၇င်တောင်မှနင့်ဆုတောင်းတွေပြည့်နိုင်ဖို့ငါ့ကိုငါကြွေစင်းပေးပါ့မယ် ချစ်သူ….အရာရာ နင့်အလိုကျဖြစ်စေခဲ့တဲ့ ငါနင်ပြောသမျှခေါင်းညိတ်နေတတ်ခဲ့ပြီ….စိတ်တိုင်းကျအနိုင်ယူလှည့်ပါ ချစ်သူငါမင်းအတွက်အမြဲတမ်း အရှုံးပေထားလို့ပါ…“ကိန္ဒရာမောင်နှံတစ်ညတာ ကွေကွင်းရတာကိုတစ်ဘ၀လုံးလွှမ်းဆွေးငိုကြွေးတယ်”တဲ့မင်းမချစ်နိုင်တဲ့ငါ့နှလုံးသားအတွက်ဒီတစ်ဘ၀လုံးမကပါဘူးနောင်ဘ၀ဆိုတာသာရှိခဲ့ရင်သံသရာ အဆက်ဆက်(ငါ)ငိုကြွေးပါရစေ…..တမြေ့မြေ့ညှဉ်းမသတ်ပါနဲ့ ချစ်သူငါ့နှလုံးသားထက်ကဒဏ်ရာဟောင်းတောင်အနာမကျက်သေးလို့ပါ…နင့်ကြောင့်သာ အချစ်ကိုကိုးကွယ်တတ်ခဲ့သူပါချစ်တတ်အောင်သင်ပေးခဲ့ပြီးမှမုန်းတတ် နာကျဉ်းတတ်အောင်သင်ပေးခဲ့ပါဦး ချစ်သူ…ဖြစ်နိုင်ရင်ချစ်တတ်တဲ့နှလုံးသားကိုမီးရှို့ပြာချလို့အချစ်မဲ့ ၀န်းကျင်သစ်မှာရှင်သန်အောင် ကြိုးစားကြည့်ချင်တယ်…နင်မရှိတဲ့ ငါရဲ့ညတိုင်းကိုအလွှမ်းတွေကသာစိုးမိုး ခြယ်လှယ်တယ်…ဒါပေမဲ့ ချစ်သူအရှင်လတ်လတ်ရင်ခွဲခံပြီးမှတော့အသေးအမွားဒဏ်ရာ(အလွှမ်း)လောက်ကိုနာကျင်တယ်လို့မညည်းညူချင်တော့ပါဘူး.။….။
ငါ့နှလုံးသားထက်ကအချစ်ဆိုသော စာမျက်နှာငါချစ်တဲ့ နင့်ကြောင့်သာအသက်ဝင်တယ်…..ငါမရင်းနှီးသေးသောငါနှလုံးသားရဲ့နောက်စာတစ်မျက်နှာနင်စိတ်တိုင်းကျဇာတ်ညွန်းတို့နဲ့ ပုံဖော်လှည့်ပါနင်ထားရာနေ စေရာသွားနင့်အလိုကျ (ငါ) ကပါ့မယ်ချစ်သူ…..နင်ပျော်မယ်ထင်ရင်ငါ့ရင်ကို စုံကန်လို့ငါ့နှလုံးသားကိုနင်းချေ ထွက်သွားလိုက်ပါနင့်ကိုမုန်းဖို့မတတ်နိုင်မှတော့နင်မယုံကြည်နိုင်တဲ့ငါ့အချစ်တွေကိုသာအပြစ်ပုံချလို့ကြေမွနေတဲ့ ငါ့နှလုံးသားကိုမြေမြှပ်ပစ်ဖို့ ကြိုးစားလိုက်ပါ့မယ်……နင့်ဘ၀အတွက်လမင်းတစ်စင်းအဖြစ်လင်းလက်ခွင့်မရရင်တောင်နင့်ဘ၀မှောင်မိုက်ချိန်မှာအလင်းပေးနိုင်တဲ့ကြယ်တစ်စင်းဖြစ်ပါရစေ…“အလျှော့ပေးလို့ရောင့်တတ်တယ်”လို့တော့မထင်လိုက်ပါနဲ့ ချစ်သူဖြစ်နိုင်ရင်အလင်းပေးရုံမကနင်လမ်းပျောက်ခဲ့ရင်လမ်းပြခွင့်ရတဲ့ဓူဝံကြယ်လေး ဖြစ်ပါရစေ…နင့်ဘ၀အတွက်ငါမလိုအပ်တော့၇င်တောင်မှနင့်ဆုတောင်းတွေပြည့်နိုင်ဖို့ငါ့ကိုငါကြွေစင်းပေးပါ့မယ် ချစ်သူ….အရာရာ နင့်အလိုကျဖြစ်စေခဲ့တဲ့ ငါနင်ပြောသမျှခေါင်းညိတ်နေတတ်ခဲ့ပြီ….စိတ်တိုင်းကျအနိုင်ယူလှည့်ပါ ချစ်သူငါမင်းအတွက်အမြဲတမ်း အရှုံးပေထားလို့ပါ…“ကိန္ဒရာမောင်နှံတစ်ညတာ ကွေကွင်းရတာကိုတစ်ဘ၀လုံးလွှမ်းဆွေးငိုကြွေးတယ်”တဲ့မင်းမချစ်နိုင်တဲ့ငါ့နှလုံးသားအတွက်ဒီတစ်ဘ၀လုံးမကပါဘူးနောင်ဘ၀ဆိုတာသာရှိခဲ့ရင်သံသရာ အဆက်ဆက်(ငါ)ငိုကြွေးပါရစေ…..တမြေ့မြေ့ညှဉ်းမသတ်ပါနဲ့ ချစ်သူငါ့နှလုံးသားထက်ကဒဏ်ရာဟောင်းတောင်အနာမကျက်သေးလို့ပါ…နင့်ကြောင့်သာ အချစ်ကိုကိုးကွယ်တတ်ခဲ့သူပါချစ်တတ်အောင်သင်ပေးခဲ့ပြီးမှမုန်းတတ် နာကျဉ်းတတ်အောင်သင်ပေးခဲ့ပါဦး ချစ်သူ…ဖြစ်နိုင်ရင်ချစ်တတ်တဲ့နှလုံးသားကိုမီးရှို့ပြာချလို့အချစ်မဲ့ ၀န်းကျင်သစ်မှာရှင်သန်အောင် ကြိုးစားကြည့်ချင်တယ်…နင်မရှိတဲ့ ငါရဲ့ညတိုင်းကိုအလွှမ်းတွေကသာစိုးမိုး ခြယ်လှယ်တယ်…ဒါပေမဲ့ ချစ်သူအရှင်လတ်လတ်ရင်ခွဲခံပြီးမှတော့အသေးအမွားဒဏ်ရာ(အလွှမ်း)လောက်ကိုနာကျင်တယ်လို့မညည်းညူချင်တော့ပါဘူး.။….။
Friday, 26 July 2013
ဝေးနေရင်လည်း
ဝေးနေရင်လည်း
ဝေးနေရင်လည်း မိုင်တွေဘယ်လောက်ပဲဝေးပါစေ တန်တိုင်းတွေဘယ်လောက်ပဲခြားနေပါစေ တယောက်တစ်ပြည်ဝေးလို့ နေရင်လည်းကိုယ့်၏အတွေးအသဲထဲမှာတစ်ယောက်တစ်နေရာနေရရင်လဲမဝေးပါ ချစ်သူ.... အချစ်ဦးမို့လို့ စွဲလန်းတယ်.......ချစ်သူရယ်…။
ဝေးနေရင်လည်း မိုင်တွေဘယ်လောက်ပဲဝေးပါစေ တန်တိုင်းတွေဘယ်လောက်ပဲခြားနေပါစေ တယောက်တစ်ပြည်ဝေးလို့ နေရင်လည်းကိုယ့်၏အတွေးအသဲထဲမှာတစ်ယောက်တစ်နေရာနေရရင်လဲမဝေးပါ ချစ်သူ.... အချစ်ဦးမို့လို့ စွဲလန်းတယ်.......ချစ်သူရယ်…။
Wednesday, 24 July 2013
အပြုံးပိုင်ရှင်
အချစ်သူရေမင်းလေးအပြုံးကိုကိုလေ တွေးမိတိုင်း စိတ်ထဲမှာပျော်ရွှင်မိပါတယ် ချစ်သူရေချစ်သူရေမင်းလေးနဲ့  ပြောနေရတဲ့အချိန်ဆိုရင် ကို စိတ်တွေထဲမှာအလိုလို ပျော်ရွှင်ကြေးနူးမိပါတယ်ချစ်သူရေ............မင်းလေးနဲ့ မတွေ့ ရတဲ့နေ့ တွေဆိုရင် သောက စိတ်တွေဝေလွမ်းဆွဲမိတာ အမှန်ပါ ချစ်သူရေ
Tuesday, 29 January 2013
အကွာအဝေး
အကွာအဝေး
တို့နှစ်ဦးကြားကမိုင်တွေ
မဖြစ်စလောက် ခရီးအကွာအဝေးလေးက
ပိုးစို့ပက်စက် ငါ့ရင်ထဲ အလွမ်းတွေ စိုက်ပျိုးတယ် ..... ။
ချစ်တဲ့သူက ချစ်သူဆီကို -
ပျံသန်းခဲ့ချင်ပါတယ် ...
ငါစိုးရိမ်တာက
ငါ့အတောင်ပံခတ်သံကြောင့်
ချစ်သူရဲ့ကောင်းကင် ပျက်စီးသွားမလား ... ?
တွေ့ဆုံခွင့် ဆိုတဲ့
ငါ့အလွမ်းပြေဖို့ကြိုးစားမှုတွေကြောင့်
ချစ်သူရဲ့ ပန်းချီကားမှာ
အပြာရောင်တွေကျန်ပါဦးမလား ...?
... ချစ်သူရယ် ...
မပြည့်စုံသေးတဲ့ဘ၀မှာ
အစာမကြေနိုင်မှန်းသိရက်နဲ့ပဲ အလွမ်းတွေကို မျိုချနေရတယ် ..... ။ ။
အမှားတစ်ခု
အမှားတစ်ခု
သားကို ငယ်ငယ်တုန်းပြောခဲ့ဖူးတယ် ...
အချစ်ဆို တာမီးလိုပဲ တဲ့ ...
အရမ်းပူလောင်တယ် လို့ ...
ဒါပေမယ့် မေမေ ...
ရင်ခုန်သံရဲ့စေ့ဆော်မှုကြောင့်
မေမေပြောတဲ့ မီး ဆိုတဲ့အရာကို
တက်မက်စွာနမ်းရှိုက်မိလို့
သားရင်ဘက်ထဲမှာ အရမ်းပှုလေင်နေပြီမေမေ ...
ပြင်လို့မရတော့တဲ့ အမှားတွေက -
နှုတ်လို့မရတော့တဲ့ ဆူးတွေလို ...
မျှော်လင့်လို့မရတော့တဲ့ ချစ်ခြင်းမေတ္တာတွေက -
ဖြေလို့မရတော့တဲ့ အဆိပ်တွေလို ...
သားရင်ထဲမှပြည့်နက်နေလို့ ...
ဒီနေ့ ဆိုတဲ့အိပ်ရာဝင်တိုင်းမှာ
ကဗျာတစ်ပုဒ်နဲ့ အဖော်လုပ်ပြီးငိုကြွေးနေရတယ်ဆိုတာ ...
မေမေ သိခဲ့ရင် ...... ။ ။
My Error Page
My Error Page
ဒီလိုနဲ့ -
ကြိုးညှိရင်းမိုးလင်းတော့မယ်
ကီးကြောင်မှာကို စိုးရိမ်နေတော့ ...
ကဗျာလေးတွေ အသံမမြည်ခဲ့ဘူး .....
စကားလုံတွေ ဖျားနာနေချိန်မှာ -
အိပ်မက်ထဲ ပန်းချီဆွဲမိတော့ -
စာမျက်နှာတိုင်း Error ပြခံရတယ် .....
တိုက်တိုက် ဆိုင်ဆိုင်ပါပဲ -
ထောင်ချောက်ကိုဆွဲဖွင့်ကြည့်လိုက်မှ
ဝမ်းသာအားရ ငါ့ကိုယ်ငါ ပြန်ရှာတွေ့ခဲ့တယ် ..... ။
☺ ♥ ☻
နေ မိုး ဆောင်း
ပူ ရွာ ည
ထဲ ထဲ တွေ
လျှောက် မ ထဲ
ခဲ့ နား မ
တယ် ... သေး အိပ်
ရှာ ဘူး စက်
ဖွေ ဆက် သေး
မှု လျှောက် ... ဘူး ...
တစ် ... တယ် ... အိပ်
ခု တက် စက်
အ မက် လို့ တွက် ... မှု မ
တစ် ဖြစ်
ခု သေး
အ ... ဘူး ...
... တွက် ...
ခရီးကလည်းရှည်တယ် ...
လိုချင်တဲ့အရာကလည်းရှားပါးတယ် ...
အဓိပ္ပါယ်နက်နဲ ပြီး တန်ဖိုးရှိလွန်းတယ် .....
ဒါပေမယ့် လုယူမယ်သူမရှိဘူး -
ဒါပေမယ့် ရှာဖွေတွေ့ရှိခဲ့ရင် မျှဝေရမယ် .....
အဲဒီလို သိဖို့ အတွက်လေးကို အနှစ်နှစ်ဆယ်ကျော်ကြာခဲ့တယ် ....
ငါလိုချင်တာ -
ရေရောမထားတဲ့ အလင်းရောင်တွေ -
ဆေးဆိုးမထားတဲ့ အလင်းမှုံတွေ
အဆိပ်ခတ်မထားတဲ့ အလင်းစက်တွေပဲ ....
ခု - လောလောဆယ်တော့
မှန်ကြည့်တိုင်း အလင်းရိုင်း ကိုတွေ့တယ် ..... ။ ။
တမ်းချင်း (၁)
တမ်းချင်း (၁)
ဆူးနစ်နေသော အလွမ်းဆူးများစွာကို
ချစ်သူ မှတပါး
အခြား မည်သူဖယ်ရှားနိုင်အံ့နည်း .....
လန့်လန့်နိုးစေတတ်သော ညအိပ်မက်ဆိုး
ဆိုးသွမ်းရိုင်းစိုင်းလွန်းတဲ့ အလွမ်းရိုင်း
အလွမ်းရိုင်းအိပ်မက်ဆိုးတွေကို ကြိုးပေးသတ်လိုက်ဖို့
ချစ်သူ၏ဆံနွယ်တစ်ပင် ပေးသနားပါ .....
ဒိုင်ယာရီစာအုပ်ကို ဖွင့်ဟလိုက်ချိန်တိုင်း
ပင့်သက်ရှိုက်သံကြားက မျက်ဝန်းတစ်စုံ
ခဏခဏမိုးဆွေနေတာ ရပ်တန့်ပါစေ ...
ပြီး ... နောက်ရာစုနှစ်များအထိ -
အလွမ်းမျက်ရည်မိုးခေါင်သွားအောင်
ညင်သာတဲ့ တန်ခိုးအာဏာနဲ့ အမိန့်ပေးတားမြစ်ဖို့
မနက်ဖန်ခါဆို ချစ်သူပြန်လာပေးပါ .....
တကယ်လို့များ ...
ကံကြမ္မာသာ လိမ္မာရိုးစင်းခဲ့ရင်
ဘယ်သူမေးမေး / ဘယ်သူဖြေဖြေ
တို့နှစ်ယောက်ရဲ့နေရပ်လိပ်စာဟာ ဧဒင်ဥယျာဉ်ပဲဖြစ်လိမ့်မယ် ..... ။ ။
မျှော်လင့်ခြင်း အားအင်
မျှော်လင့်ခြင်း အားအင်
ငါ့မျှော်လင့်ချက်တွေ ယိုင်နဲ့ပါစေလေ
ပြန်လည်တည့်မတ်ဖို့ ကြိုးစားရမှာပေါ့ ...
အေးစက်နေတဲ့စိတ်ကူးတွေကိုလည်း -
အရင်ထက်လင်းလက်ဖို့ ထွန်းညှိရဦးမယ် ... ။
ချစ်သူ ...
ဟိုး ... အဝေးကချစ်သူရေ ...
တို့နှစ်ဦးမလွန်ဆန်နိုင်ခဲ့တာ -
အိမ်ပြန်ချိန်တွေတိုင်း ခွဲခွါခဲ့ရခြင်းတွေမဟုတ်လား ... ?
တို့အတူ ခံစားနားလည်ခဲ့ကြတယ် ...
မျက်ရည်တွေလည်း ဝဲခဲ့ကြတယ် ...
ဘယ်သူမှ မလိုချင်ပဲ ရရှိထိရှခဲ့တဲ့ -
ခပ်ပြင်းပြင်း အလွမ်းဝိုင်ကိုမော့ပြီး
( တစ်နေ့တစ်နေ့ ) ငေးဆွေး ထိုင်မှိုင်နေရတာ-
စိတ်ပျက်စရာ အဓိပ္ပါယ်မဲ့ပေမယ့် .....
ဖွင့်ဟတိုင်တည်စရာမလိုပဲ -
ကိုယ်စီရှိခဲ့တဲ့ သစ္စာစကားတွေကြောင့်
တစ်ချိန်ချိန် ...
အလွမ်းရာသီကုန်ဆုံးလို့
အနမ်းမိုးတွေဆွေဦးမယ့်မနက်ဖြန်မှာ -
အရင်လို ... စကားတွေပြောရင်း .....
အရင်လို ... လမ်းတွေအတူလျှောက်ရင်း .....
အရင်လို ... ကဗျာတွေ ရေးရင်း ဖတ်ရင်း
အရင်ထက်ခိုင်မြဲတဲ့ တွဲလက်တစ်စုံနဲ့ -
ငြိမ်းချမ်းတဲ့ အပြာရောင်ညကို တို့အတူချယ်မှုန်းကြမယ် ..... ။ ။
ချစ်သူ မဖတ်ရ
ချစ်သူ မဖတ်ရ
မြင်မြင်ခြင်း ချစ်မိခဲ့တဲ့
ကာရံမညီသော ရင်ခုန်သံဟာ
ငါ့အတွက် မျက်ရည်ကျဖို့ အဖွင့်တေးသွာလား ... ?
Tampo မြန်လွန်းပါတယ် ချစ်သူ ..... ။
ငါ -
နင့်ကို ဘယ်လောက်ထိ ချစ်လဲ ... ဆိုတာ
-ငါကိုယ်တိုင်မသိသော
-နင် နားမလည်နိုင်သော
-မေးခွန်းနဲ့တူသော
ငါ့ရင်ထဲက အချစ်ရဲ့ပမာဏပါ ..... ။
ချစ်လွန်းလို့
ရှေ့ရေးကို မင်းအတွက်တွေးပြီး
ချစ်တယ်လို့တောင် ဖွင့်ဟပြောမထွက်ခဲ့သူပါ ..... ။
နင် -
တကယ်မသိဘူးနော် ...
လဆန်း-လပြည့်-လကွယ်-
ဘယ်နေ့ညကများ
အထီးကျန် လွမ်းဆွတ်မှုနဲ့ ကင်းလွတ်ခွင့်ရခဲ့သလဲ ... လို့
သန်းခေါင်ယံညရဲ့လမ်းပေါ်
အငိုတိတ်တော့မှ ကိုယ့်ကိုယ်ကို ပြန်းမေးမိတယ်
ဘဝတစ်ခုလုံး ပုံအောခဲ့ပြီးပြီပဲ ....
( ဘာ့ကြောင့်များ )
စက္ကန့်နဲ့အမျှ အရစ်ကျ ပေးဆပ်ချင်နေသေးရတာလဲ ..... ?
လေလွင့်သူ
လေလွင့်သူ
ကြယ်ကြွေညမှာ
စိတ်လေစွာနဲ့
ငါ
ဒီလိုတွေးတယ် .....
ကြယ်တစ်ပွင့် -
မကြွေခင်
တောက်ပခဲ့ဖူးမှာပဲ .....
ပန်းတစ်ပွင့် -
မြေမခခင် လှပခဲ့ဖူးမှာပဲ ....
လူလေလွင့် -
မသေခင် ငါ့ကို ချစ်ခွင့်ပေးပါ .... ။ ။
တစ်ဖက်သက်အချစ်ဗေဒ
တစ်ဖက်သက်အချစ်ဗေဒ
တစ်စုံတစ်ယောက်ကိုချစ်ရတာ
တစ်စုံတစ်ခုကို ဓါးနဲ့လှီးမိသလိုပဲ
ငါခံစားရတယ် .....
အိပ်မက်ကနိုးတော့ ငါ့ရင်ဘက်မှာသွေးတွေနဲ့
သိပ်ထူးဆန်းတာပဲ .....
လိုတာထက်ပိုနေတဲ့အလွမ်းတွေက
ဖမ်းဆုပ်ထားခြင်းမရှိပေမဲ့ / ငါ့လက်ထဲကနေ-
-လွတ်ကျကွဲရှခြင်းမရှိခဲ့သလို ...
အောက်ကျနောက်ကျနဲ့ကိုယ့်ကိုယ်ကို
နဖားကြိုးတတ်ဖို့ကိုရော -
-မြတ်နိုးခြင်းတွေက သင်ကြားပးခဲ့တာလား ..... ?
(ဘယ်သူပြောလဲ ...အချစ်ဆိုတာ ချိုမြိန်လွန်းတယ်လို့ )
ပေးဆပ်ခွင့်လေးရဖို့အတွက်ကိုမျှ
မျက်ရည်တွေ မိုးလိုသည်းနေခဲ့ရင်လည်း
(sorry ပါပဲ )
အတွေ့အကြုံအရ -
- သင် ရူပဗေဒမှာ အမှတ်အပြည့်ရရင်ရလိမ့်မယ် ...
တစ်ဖက်သက်အချစ်ဗေဒမှာတော့ minus infinity ပဲ
ဘာလဲ ... ?
...သက်ရောက်မှုတိုင်းမှာ ... တူညီတဲ့တုန့်ပြန်မှုရှိတယ် ...` တဲ့
...နယူတန် ကို ပြောပြလိုက်ပါ ...
...မြတ်နိုးမှုတိုင်းမှာ ... တူညီတဲ့မျက်ရည်တွေသာ ...ရှိခဲ့တဲ့အကြောင်း ..... ။ ။
အဓိပ္ပါယ် တစ်ခု
အဓိပ္ပါယ် တစ်ခု

ဒီကဗျာလေးကို အဖုံးဖွင့်လိုက်ရင်
အထဲမှာ
ဓါးတစ်လက်ကို သင်တွေ့လိမ့်မယ်
သေသေချာချာ ကိုင်ကြည့်ပါ -
အဲဒီဓါးသွားပေါ်မှာ စာရေးထားတယ်
( ဓါးဆိုတာ ...)
( ၁ ) တစ်ပါးသူကို ထိခိုက်စေဖို့ မဟုတ်ပါဘူး ...
( ၂ ) မိမိကိုယ်ကို သတ်သေဖို့လည်းမဟုတ်ပါဘူး ...
( ၃ ) ဓါးဆို တာ ... သင့်နာ မည်ကို -
- ကမ္ဘာရဲ့နံရံပေါ်မှာ အလှဆုံးရေးထွင်းခဲ့ဖို့ပါ ...
( စာနာစိတ်တွေအပြည့်နဲ့ပေါ့ )*
တကယ်လို့များ ဆန္ဒရှိမယ်ဆိုရင်
လက္ခံပေးပါ ...
အခုပဲ စာဖတ်နေတဲ့ သင့်ကို
လက်ဆောင်အဖြစ် ဒီဓါးလေးပေးလိုက်ပါရစေ ...
ယူ သွားလိုက်ပါ ...
ပြီးရင် ...
နံရံပေါ်မှာ
သင့်နာမည်လေး ရေးထွင်းလိုက်ပါ ..... ။ ။
ရုပ်သေး တစ်ရုပ်ရဲ့ အနာဂါတ်
ရုပ်သေး တစ်ရုပ်ရဲ့ အနာဂါတ်
အလွမ်းရဲ့ပြုစားခြင်းမှာ ရူးသွပ်နေတုန်း
ချစ်သူက အမုန်း စကားဆိုတယ် ...
မငိုပေမယ့် ...
အလိုလို ကျလာတဲ့ မျက်ရည်ရဲ့သဘာဝမှာ -
အိပ်စက်ခြင်းတွေ ပျောက်ရှခဲ့ရ ..... ။
လောလောဆယ်မှာတော့ -
လက်တွေ့ကျကျ မေးခွန်းတစ်ခုရှိတယ် ...
2 - 1 = ?
( နှစ် ထဲက တစ်ကို နုတ်ရင် ဘာကျန်မလဲ )
သင်္ချာလိုတွက်ရင်တော့ ရှင်းရှင်းလေးပေါ့ -
ဒါပေမယ့် ...
အချစ်စစ်ရဲ့ သီအိုရီမှာတော့ -
နှစ် ထဲက တစ်ကို နုတ်ရင် ရင်ကွဲပက်လက်ကျန်ခဲ့မှာပါ ..... ။
ကိုယ် ကိုယ်တိုင်က ကဗျာတစ်ပုဒ်ဆို -
အချစ် အက္ခရာကို ဘယ်မှာ သွားရှာမလဲ ... ?
သူ - မရှိလို့မဖြစ်တာသိရက်နဲ့
ဒီရင်ဘက်ကို ကြက်ခြေခတ်ဖို့ ကြိုးစားခဲ့တာလား ....
ရုပ်သေးတစ်ရုပ်ရဲ့ အနာဂါတ်အတွက်
ကကြိုးတွေ ပေးခဲ့ပါဦးသခင် ..... ။ ။
မျက်ရည်ကျစရာ ဟာသတစ်ပုဒ်
မျက်ရည်ကျစရာ ဟာသတစ်ပုဒ်
အလွမ်းတစ်ချို့ကို သော့ခတ်ထားချင်လည်း ...
" ... မင်း ဘယ်လောက်ပဲ မူးမူး သတိရခြင်းတွေက လူမမှားဘူး ... " တဲ့
တစ်ညလုံး
ပင့်ကူအိမ်ထဲ ခုန်ချလိုက်ပါတယ် ..... ။
Password ထည့်ထားတဲ့ ငါ့မျှော်လင့်ချက်က -
* ယုယုယယနဲ့ အတူတကွနေကြမယ့် နေ့လေး *
စာရင်း ဇယားနဲ့ အတိကျဖော်ပြရရင်
ကတိစကားတစ်ခွန်းကလွဲပြီး
သေချာရေရာမှုမရှိသေးတဲ့ နေ့စွဲတစ်ခုပေါ့ ...
ရင်ဘက်ထဲက ပြည့်နက်နေလည်း -
အိပ်ကပ်ထဲမှာ လေခိုနေတော့ -
နံနက်စောစောမှာပဲ နေဝင်ခံခဲ့ရတယ် ..... ။
ဝမ်းမနည်းပါဘူး ...
ငါ့ဘက်က သက်သေတွေ သုံညနဲ့ ညီမျှသ၍ -
မည်သူမဆို လွတ်လပ်စွာ သံသယ ဝင်နိုင်ပါတယ်လေ .....
ချစ်သူ ...
အကူအညီလိုတိုင်း ဘုရားသခင်ကို ဖုန်းဆက်ရမှာလား ... ?
မင်းနားလည်အောင် စကားထာဖွက်ရရင် -
ငါက -
ဆုတောင်းခြင်းကို ဘယ်က စရမှန်းမသိခဲ့သူပါ ..... ။ ။
အမှောင်ချထားသော
အမှောင်ချထားသော
သိပ်ပြီးပွင့်လင်းလွန်းတဲ့ သူငယ်ချင်း
ဘယ်သူမှ မသိလိုက်တဲ့အချိန်မှာ
ကွက်လပ်တစ်ခုရဲ့ လျှို့ဝှက်ခြင်းကို ခံလိုက်ရပြီ ..... ။
ဆောင်းနှင်းပွင့်တို့ နှုတ်ဆက်ကြချိန်မှာ -
စာသင်ခန်းထဲ သူရောက်လာခဲ့တယ် ...
သမိုင်းစာအုပ်ထဲက တစ်ချို့တစ်ဝက်ကို ပြင်ဆင်ခွင့်ရဖို့ -
အင်္ဂါနေ့တိုင်း ကျောင်းမလာဘူး လို့မှာထားခဲ့ဖူးတယ် ...
သူ့အိမ်မှာ ဒေါင်းတစ်ကောင် ရှိတဲ့အကြောင်းနဲ့ပါက်သက်ပြီး -
သူမပြန်ခင်မှာ စကားနည်းနည်းပြောဖြစ်ကြတယ် ...
တကယ်ဆို ...
မင်းက ကိန်းပြည့်သဘောဆောင်တဲ့ ဗလာစာရွက်တစ်ရွက်ပါ -
ကိုယ့်ကိုယ်ကိုယ် ရွက်လှေချိုးပြီး ရွက်လွင့်ခဲ့သူပေါ့ ...
ဒါပေမယ့်ကွာ -
မင်းပင်လယ်က လှိုင်းကြမ်းလိုက်တာ ...
ငါ့ကို ဆက်သွယ်ဖို့ မမေ့ပါနဲ့ .....
အဲဒီနောက်တော့ တော်တော် ကြာကြာ သူပျောက်နေခဲ့တယ် .....
နောက်ဆုံးအကြိမ် သူ့ကို တွေ့လိုက်တုန်းက
နောက်သုံးနှစ်ဆို လွတ်ပါပြီကွာ ...တဲ့
သူပြောခဲ့တဲ့စကား
တကယ့် တကယ်တမ်းမှာ
ပါမောက္ခတွေကိုယ်တိုင် ဝါကျအထားအသို မှာယွင်းကြတုန်းပဲ
အခုတော့ ကြိုးပြတ်သွားခဲ့ပြီလေ ...
ဒီသောက်ရေတွင်းရဲ့ အနက်ရှိုင်းဆုံးတစ်နေရာဆီ
ရေငင်ပုံးလေး နစ်မြုပ်သွားခဲ့ပြီ ... နစ်မြုပ်သွားခဲ့ပါပြီ ..... ။
အချစ်ကဗျာ
ဝေးသွားကြမယ်…ဒီလိုမျိုး အိပ်မက်ဆိုး အတွက်
တကယ်လို့ … ဆိုပြီးတောင်
ကံကြမ္မာ ကို အရှုံးမပေးချင် ဘူး …
ချစ်သူ တကယ် ချစ် မချစ်တကယ်လို့ … ဆိုပြီးတောင်
ကံကြမ္မာ ကို အရှုံးမပေးချင် ဘူး …
အချစ်က စစ် မစစ်
အတိတ် အနာဂတ်
ပန်းတိုင် ဖူးစာ
ဘ၀ နဲ့ အချစ် အကြောင်း ခွဲခြမ်း စိတ်ဖြာဖို့
သတ္တိ တွေ မရံဝံ့ ခဲ့ ပြန်ဘုး…
ချစ်သူ မိုးပေးမယ့် ကောင်းကင်ဟာ
အဖြုပဲ ဖြစ်ဖြစ် အနက်ပဲ ဆိုဆို
အတူတွဲထားတဲ့ လက်တစ်စုံနဲ့
ငါတို့ ရဲ့ သုံးရာသီ အနာဂတ်တွေကို
နွေးထွေးစေမယ်…
ချစ်သူ တည်မယ့် ကမ္ဘာမှာ
နေ လ နဲ့ ကြယ် တစ်စင်းမှ မလင်းဖြစ်ရင်တောင်
ချစ်သူ မျက်ဝန်း အလင်း နဲ့
ကိုယ်လျှောက်မယ့်လမ်း ကိုယ်ရေးခြယ်ကြမယ်
တကယ်ပါ ချစ်သူရယ်
တို့်နေမယ့် တို့နေရာမှာ
နင် ငါ့ကို ချစ်နေဖို့ နဲ့
ငါ နင့်ကို ချစ်နေတယ် ဆိုတာ
နင် ယုံကြည်ပေးဖို့ ဒီ နှစ်ခုသာ လိုပါတယ်…။
ရင်ထဲက အချစ်ကဗျာ
အချစ်ကဗျာလှလှလေးတွေကိုမှ
စာသလို့ ယဉ်ချင်သူ။
အချစ်မပါရင် ကဗျာမဖြစ်သလိုပေါ့
သိပ်ချစ်တတ်သူ။
ထမင်းမရှိသော်လည်း အချစ်ရှိပါသတဲ့
စိတ်ကူနဲ့ ပြည်တည်သူ
ရူးသူလို့ ဆိုလေမလား။
မရူးပါဘူးကွယ်
လက်တွေ့နယ်မှာလေ……
ထမင်းမပါရင် တကယ်မရသော်လည်း
ဘဝမှာအချစ်မပါခဲ့ရင်ဖြင့်
ရင်ထဲမှာ ဗလာကျင်းပါလို့
ကြည်နူးစရာ လွမ်းစရာ ဘယ်မှာရှိပါ့မလဲ
လူ့အဖြစ်ဟာ တကယ်ရှုံးတာကြောင့်
ဘယ်သူလာ ဘာတွေပြောပေမယ့်
ဘဝအမောတွေ ဖြေကာသိပ်စေတဲ့
“အချစ်ကဗျာ ပန်းလွှာရိပ်” မှာလ
စက်အိပ်နေနား…။။ ။။
စာသလို့ ယဉ်ချင်သူ။
အချစ်မပါရင် ကဗျာမဖြစ်သလိုပေါ့
သိပ်ချစ်တတ်သူ။
ထမင်းမရှိသော်လည်း အချစ်ရှိပါသတဲ့
စိတ်ကူနဲ့ ပြည်တည်သူ
ရူးသူလို့ ဆိုလေမလား။
မရူးပါဘူးကွယ်
လက်တွေ့နယ်မှာလေ……
ထမင်းမပါရင် တကယ်မရသော်လည်း
ဘဝမှာအချစ်မပါခဲ့ရင်ဖြင့်
ရင်ထဲမှာ ဗလာကျင်းပါလို့
ကြည်နူးစရာ လွမ်းစရာ ဘယ်မှာရှိပါ့မလဲ
လူ့အဖြစ်ဟာ တကယ်ရှုံးတာကြောင့်
ဘယ်သူလာ ဘာတွေပြောပေမယ့်
ဘဝအမောတွေ ဖြေကာသိပ်စေတဲ့
“အချစ်ကဗျာ ပန်းလွှာရိပ်” မှာလ
စက်အိပ်နေနား…။။ ။။
နောင်တ
မျှင်ယဲ့ယဲ့ အသက်တစ်ရှိုက်မှာ
ခိုစီးနေတဲ့ ပင့်သက်မောတွေနှင့်
အလွမ်းထောင်ချောက်မိနေသူ ငါ
ရင်နှင့်မဆံ့တော့တဲ့
လွတ်မြောက်ပြေးထွက်လိုစိတ်
နာရီမလပ် ထိန်းချုပ်ထားခဲ့တာ
အချစ်တစ်ခုတည်းအတွက်ပါ …
ဆည်းဆာနေညိုချိန်ဆိုတာ
ရင်ကို ပင့်ထိုးတဲ့
လက်ဝှေ့သမားပဲ …..
ပွဲကြည့်စင် တစ်ဖက်မှာ
ငါ့ချစ်သူ နင်က
လှောင်ပြုံး တစ်ချက်နှင့်
ငါ ကတော့
နောင်တတွေ
လင်းခနဲ လက်ခနဲ ပွင့်လို့ …… ။
ခိုစီးနေတဲ့ ပင့်သက်မောတွေနှင့်
အလွမ်းထောင်ချောက်မိနေသူ ငါ
ရင်နှင့်မဆံ့တော့တဲ့
လွတ်မြောက်ပြေးထွက်လိုစိတ်
နာရီမလပ် ထိန်းချုပ်ထားခဲ့တာ
အချစ်တစ်ခုတည်းအတွက်ပါ …
ဆည်းဆာနေညိုချိန်ဆိုတာ
ရင်ကို ပင့်ထိုးတဲ့
လက်ဝှေ့သမားပဲ …..
ပွဲကြည့်စင် တစ်ဖက်မှာ
ငါ့ချစ်သူ နင်က
လှောင်ပြုံး တစ်ချက်နှင့်
ငါ ကတော့
နောင်တတွေ
လင်းခနဲ လက်ခနဲ ပွင့်လို့ …… ။
Saturday, 19 January 2013
တစ်ခါတစ်ရံ လွဲမှားချင်း
ချစ်ခြင်းတွေ တနေ့ထက် တနေ့များများလာလို့
မျိုချဖို့လဲခက် အန်ထုပ်လို့လဲမရ
သံယောဇဉ် ကလဲ တခါတရံ နားလည်မှု တွေလွှဲ
နှစ်ဦးနှစ်ဖက်ရင်ဘတ်ထဲ
တိမ်မဲ တိမ်ညိုတွေ မကြာခဏ
ဝင်ဝင် ဆောင့်နေတော့
ကြာခဲ့ရင် အရင်တိုင်းချစ်ပါ့မလား
စိုးရိမ်စိတ်တွေပို
ယုယမှုတွေ လိုပြီးရင်းလို
အကြင်နာတွေ ထပ်ပြီးတောင်းတ
အဲတာတွေ ငါ့အပြစ်လားဟယ်
တစ်ယောက်နဲ့ တစ်ယောက်ချည်နှောင်ထားတဲ့
သံယောဇဉ်ကြိုး
မိုက်မဲမှုလို့ထင်နေတာလား
စကားလုံးတွေ နူးညံ့ပြီး
ဂရုစိုက်မှုတွေ ထပ်တိုးကြည့်
ချစ်ခြင်းတွေသာယာပြီး
နားလည်မှုလေးတွေ ပြေဆင်းလို့
အခြေအနေကောင်းလေးဖြစ်မှာပါ ။
ငိုနေသောနှလုံးသား
မိုးတွေပြိုတော့မယ်
ငိုနေတဲ့ နှလုံးသား
ထပ်ဖျားမှာစိုးမိလို့
ကောင်းကင်အောက်
လမ်းလျှောက်မထွက်မိအောင်
အနိုင်နိုင်ထိန်းရင်း
မျက်ရည်မိုးအဖြစ်သာ
နှလုံးသားကို စို စေလိုက်မယ် ။
ပန်းတွေကြွေတော့မယ်
အလွမ်းတွေခင်းကျင်းပြီး
မြေမခစေပဲ
နွမ်းခြောက်ပေမယ့်
သံသရာတလျှောက်
မြတ်နိုးနမ်းရှိုက်မှာမို့
နှလုံးသားအခန်းတနေရာမှာ
ထုပ်ပိုးသိမ်းထားလိုက်တော့မယ် ။
ဆောင်းညရှည်မှာ
အိပ်မက်ဆိုးတွေ တိုးတိုးပြီးမက်လဲ
ဇာတ်သိမ်းအိပ်မက်ဆိုးမှာ
နင့်ကိုများတွေ့ရမလားဆိုတဲ့
အတွေးမျိုးနဲ့
မြေပြင်မှာ ကြယ် တွေငါပျိုးနေမိတယ် ။
ဝေးနေတဲ့ အချိန်တိုင်း
နင်နဲ့ ပတ်သက်သမျှ
ချချရေး မှတ်တဲ့ ဒိုင်ယာယီစာအုပ်လေးရယ်
သံချေးတက်ပေမယ့် အသံမအက်သေးတဲ့
ဂစ်တာကြိုးပေါ်က တေးသွားလေးတွေရယ်
ပြုံးလိုက်ရင်
အမုန်းပွားတဲ့သူတောင် ငေးယူရတဲ့
ပါးချိုင့်လေးထဲ အဖီထိုးပြီး
ကဗျာရေးချင်နေတဲ့ ငါ့စိတ်ကူးတွေရယ်
သတိရစရာဆိုတာ
အလွမ်းဆိုရင်
ဘယ်လောက်ပန်းပန်း
ငါထမ်းထားရင်း
နင်ရှိမယ့် အရပ်ဆီ လျှောက်လှမ်းခဲ့ပါ့မယ် ။
ငိုနေတဲ့ နှလုံးသား
ထပ်ဖျားမှာစိုးမိလို့
ကောင်းကင်အောက်
လမ်းလျှောက်မထွက်မိအောင်
အနိုင်နိုင်ထိန်းရင်း
မျက်ရည်မိုးအဖြစ်သာ
နှလုံးသားကို စို စေလိုက်မယ် ။
ပန်းတွေကြွေတော့မယ်
အလွမ်းတွေခင်းကျင်းပြီး
မြေမခစေပဲ
နွမ်းခြောက်ပေမယ့်
သံသရာတလျှောက်
မြတ်နိုးနမ်းရှိုက်မှာမို့
နှလုံးသားအခန်းတနေရာမှာ
ထုပ်ပိုးသိမ်းထားလိုက်တော့မယ် ။
ဆောင်းညရှည်မှာ
အိပ်မက်ဆိုးတွေ တိုးတိုးပြီးမက်လဲ
ဇာတ်သိမ်းအိပ်မက်ဆိုးမှာ
နင့်ကိုများတွေ့ရမလားဆိုတဲ့
အတွေးမျိုးနဲ့
မြေပြင်မှာ ကြယ် တွေငါပျိုးနေမိတယ် ။
ဝေးနေတဲ့ အချိန်တိုင်း
နင်နဲ့ ပတ်သက်သမျှ
ချချရေး မှတ်တဲ့ ဒိုင်ယာယီစာအုပ်လေးရယ်
သံချေးတက်ပေမယ့် အသံမအက်သေးတဲ့
ဂစ်တာကြိုးပေါ်က တေးသွားလေးတွေရယ်
ပြုံးလိုက်ရင်
အမုန်းပွားတဲ့သူတောင် ငေးယူရတဲ့
ပါးချိုင့်လေးထဲ အဖီထိုးပြီး
ကဗျာရေးချင်နေတဲ့ ငါ့စိတ်ကူးတွေရယ်
သတိရစရာဆိုတာ
အလွမ်းဆိုရင်
ဘယ်လောက်ပန်းပန်း
ငါထမ်းထားရင်း
နင်ရှိမယ့် အရပ်ဆီ လျှောက်လှမ်းခဲ့ပါ့မယ် ။
ဆွေးမြေ့အသည်း
ဆွေးမြေ့အသည်း
နီးလွန်းလို့ ဝေးခဲ့ရတဲ့
တို့ရဲအဖြစ်
မျော်လင့်လွန်းလို့ ဆုံးရှုံးခဲ့တဲ့
ကိုယ့်ရဲ့ အချစ်
နောက်ဆုံးတော့
အလွမ်းတွေ ငွေ့ရည်ဖွဲ့
ဆွေးမြေ့မှုတွေက တိမ်ဆိုင်တွေဖြစ်
မျက်ရည်မိုးတွေရွာသွန်းခဲ့လေရဲ့
ကောင်မလေးရယ်...
ဘယ်မှာလဲ မေတ္တာတရားတွေ
စာနာနားလည်မှုတွေနဲ့
လွယ်လွယ်ပေးခဲ့ဖူးတဲ့ ဂတိတွေ
လေထဲမှာပဲ ပျောက်ပျယ်ခဲ့လေရဲ့
အပြစ်မဲ့ နှလုံးသား
အပြစ်မဲ့ နှလုံးသား
လေပြေ တစ်ချက်အဝှေ့မှာ
လွင့်ပါသွားခဲ့တဲ့ ငါ့နှလုံးသား
ဆောက်တည်ရာမရ လေထုထဲမှာ
မျောလွင့်နေဆဲ လေပြေရယ်...
မေ့ရဲ့ လစ်လျှူရှု မှုကြောင့်
သေဆုံးခဲ့တဲ့ မောင့် ရင်ခုန်သံ
အကြင်နာမဲ့ မေ့နှလုံးသားကို
မျှော်လင့်မိဆဲ မေရယ်....
ကံကြမ္မာရဲ့ ရက်စက်မှုလို့သာ
ဖြစ်သမျှအကြောင်းကို အကောင်းတွေး
အပြစ်မတင်ရက်တဲ့ မောင်က
မေ့ကို တမ်းတမိခဲ့တယ်...
အချစ်တွေများလွန်းနေတဲ့ မေ့အတွက်
သံသရ တွေကို အိပ်နဲ့ ထုတ်
အမှုက်ပုံးထဲ ပစ်ထည့်ပြီးတော့
မျှော်လင့်ချက်ကြီးစွာနဲ့
စောင့်နေပါရစေမေရယ်...
အချစ်ရဲ့ကျေးကျွန်
အချစ်ရဲ့ ကျေးကျွန်
ငါ့ရဲ့ ရူးသွပ်သွပ် အတွေးတွေနဲ့
မျှော်လင့်မိခဲ့ မင်းရဲ့ ခေါင်းပါးတဲ့ ကြင်နာမှု
အဆိပ်ဆူးတွေ ပြည့်နှက်နေတဲ့
မင်းရဲ့ နှလုံးသားကွန်ယက်ထဲမှာ
ငါ့ကိုချုပ်နှောင် အဆိပ်တက်စေခဲ့တယ်...
မိုက်ရူးရဲ ငါ့နှလုံးသားက
နင့်ရဲ့ ပေါ့ပျက်ပျက်အချစ်တစ်ချို့ကို
တောင်းတမိလွန်းလို့
အလွမ်းနွံတွေထဲမှာပဲ နစ်မြုတ်စေခဲ့တယ်
ငါဆိုတဲ့ ကောင်ကလဲ
နင့်ရဲ့ ကစားစရာ အရုပ်ဘ၀ကို
ရောက်နေမှန်းသိသိနဲ့
နောက်မဆုတ် ပဲ
ရှေ့ကိုပဲ ဆက်တိုးမိခဲ့တယ်...
အခုတော့....
လွမ်းဆွတ်မှုတွေများလွန်းတော့ နေသားကျနေပြီ
ဆုံးရှုံးမှုတွေများလွန်းတော့ ရိုးအီလာပြီ
စော်ကားခံရဖန် များလို့လဲ ထုံထိုင်းနေပါပြီ
မင်းပေးခဲ့ တဲ့ မျှော်လင့်ချက်တွေကလဲ
ပေါပျက်ပျက် မင်းရဲ့ အကျင့်ကြောင့်ဆိုတော့
မင်းကို နားလည်ပေးလို့ရခဲ့ပြီ ချစ်သူ...........
မျှော်လင့်မိခဲ့ မင်းရဲ့ ခေါင်းပါးတဲ့ ကြင်နာမှု
အဆိပ်ဆူးတွေ ပြည့်နှက်နေတဲ့
မင်းရဲ့ နှလုံးသားကွန်ယက်ထဲမှာ
ငါ့ကိုချုပ်နှောင် အဆိပ်တက်စေခဲ့တယ်...
မိုက်ရူးရဲ ငါ့နှလုံးသားက
နင့်ရဲ့ ပေါ့ပျက်ပျက်အချစ်တစ်ချို့ကို
တောင်းတမိလွန်းလို့
အလွမ်းနွံတွေထဲမှာပဲ နစ်မြုတ်စေခဲ့တယ်
ငါဆိုတဲ့ ကောင်ကလဲ
နင့်ရဲ့ ကစားစရာ အရုပ်ဘ၀ကို
ရောက်နေမှန်းသိသိနဲ့
နောက်မဆုတ် ပဲ
ရှေ့ကိုပဲ ဆက်တိုးမိခဲ့တယ်...
အခုတော့....
လွမ်းဆွတ်မှုတွေများလွန်းတော့ နေသားကျနေပြီ
ဆုံးရှုံးမှုတွေများလွန်းတော့ ရိုးအီလာပြီ
စော်ကားခံရဖန် များလို့လဲ ထုံထိုင်းနေပါပြီ
မင်းပေးခဲ့ တဲ့ မျှော်လင့်ချက်တွေကလဲ
ပေါပျက်ပျက် မင်းရဲ့ အကျင့်ကြောင့်ဆိုတော့
မင်းကို နားလည်ပေးလို့ရခဲ့ပြီ ချစ်သူ...........
မင်းလေးအလှ
မင်းလေးအလှ
မင်းလေးအလှ ရှုမဝ
ငါလေမင်းကို ကြည့်၍မဝ
မင်းရဲ့ အပြုံး ကြည့်မဆုံး
ရင်ဘတ်ထဲမှာ ရစ်နှောင်ထုံး
ကြည့်လေ လှလေ မင်းလေးဟာ
လူတိုင်းရင်မှာ popula
နှစ်လိုစွာ
တစ်စုံတစ်ရာကို နှစ်နှစ်လိုလို ချစ်ဖူးချင်တယ်…။
အတားအဆီးတွေ..
စည်းမျဉ်းဘောင်တွေ…
ပုံစံခွက်တွေ..
တစ်ညီတစ်ညွတ်ထဲ ခေါင်းငြိမ့်မှုတွေ နဲ့ နာခံမှုတွေ..
နောက်ပြီး…
ဆုံးမ သြ၀ါဒတွေ..
အဲဒါတွေ..အဲဒါတွေရဲ့ ဟိုးအဝေးက
တစ်စုံတစ်ရာကို..
နှစ်နှစ်လိုလို
ကိုယ်..
ချစ်ချင်တယ်..။
အဲသလို….
ဘာသာသတ်မှတ်ထားတဲ့ မှန်ကန်မှုတွေက
ပုန်ကန်မှုတွေလို အယောင်ဆောင်ပြီး
ညညဆိုလန့်နိုး
ကမူးရူးထိုးနဲ့ထ
ဝတ်ရုံနက် လှလှကြီးတွေခြုံ
အယုံသွင်းတဲ့လက်ကြီးတွေနဲ့
တွဲခေါ်တော့မလိုလို…
ဟော…….
အနက်ရှိုင်းဆုံးထဲဆွဲခေါ်သွားဖို့
ကြိုးစားတတ်ကြသေးတယ်..။
မိုးတစိမ့်စိမ့်ရွာနေတဲ့နေ့က
ချိုကျတစ်ခွက်သောက်နေတဲ့ သူငယ်ချင်းကို
သော့သော့ညှင်းရယ်သံနဲ့ပြောဖူးတယ်..
“တစ်ကယ်ဆို..
ငါ.. မချစ်ဖူးဘူး.. နင်သိလားဟင်..”
စကားမဆုံးခင် သူငယ်ချင်းရဲ့မျက်ဝန်းနက်တွေမှာ..
လက်ကနဲလင်းကနဲ..ထင်းသွားတဲ့အရောင်တွေ..။
အဲသလို..
အူကြောင်ကြားအတွေးတွေနဲ့ မွန်းကျပ်တဲ့ခံစားချက်တွေဟာ..
ကိုယ့်ရင်ကိုလေ.. ငွေ့ငွေ့ကလေး
ထွေး..လို့၊ ပွေ့…လို့။
ဒီလိုနဲ့…
ရင်ထဲက အဲဒီအတွေးတွေရယ်..
ဦးနှောက်ထဲက ခံစားချက်တွေရယ်က
ခပ်တိုးတိုးဆိုတယ်..
“သူတို့တွက် လူ့အခွင့်အရေးဟာ ဘာလည်းဟင်…” တဲ့…
ဘ၀မှာလေ..
တစ်စုံတစ်ရာကို
နှစ်လိုစွာနဲ့ ချစ်ကြည့်ချင်လိုက်တာဆိုတာ..
အဲဒီအရာဟာ..
ဖန်ခွက်၊ သစ်သီး၊ မီး ပဲဖြစ်ဖြစ်..
ရေမှုတ်၊ ပူပေါင်း၊ စောင်း ပဲ ဖြစ်ဖြစ်..
ဂစ်တာ၊ တယော၊ ဗျော ပဲ ဖြစ်ဖြစ်…
ကွယ်…
ချစ်ကြည့်ချင်တယ်..
တစ်ကယ်..
နှင်းလ
ကောင်းကင်ကို လည်ပြန်မော့ကြည့်တော့
ညဉ့်အမှောင်ထဲ
ခေါက်တုံ့ခေါက်ပြန်နဲ့
တောက်နေတဲ့ တိမ်တွေ။ ဆောင်းနှင်းစက်တို့ကလည်း
လမင်းကို ခ ယ
တသသ နဲ့
ခပ်ဖွဖွ နမ်းတယ်။
“ငါ မပြုံးတတ်တော့တာ ကြာပြီ” လို့
နှင်းလမင်း က
မြေပြင်ကို ငုံ့ကြည့်ရင်း
ခပ်တင်းတင်းဆိုတယ်။
ရေခဲရိုက်သစ်ရွက်တွေကြား
ငှက်ခါးတစ်ကောင်က နားတယ်။
ခြေရာမဲ့ နှင်းပြင်ကြီး
အထီးကျန် ကြိုးတန်းနဲ့
လမ်းပျောက်နေတဲ့ တောက်တဲ့
ဘ၀ကို ငဲ့ကွက်
လှည့်ကွက်လို ကုတ်တွယ်ထားတယ်။
လမင်းကို မော့ကြည့်တော့
မပြုံးတတ်တော့ပါဘူး ဆိုတဲ့ နှင်းလမင်း က
ဖွဖွလေး ပြုံးနေတယ်
အနားက ကြယ်ကလေးကိုပါ။
အေးခဲနေတဲ့ မြေပြင်ဟာ
ရေခဲရိုက်သစ်ရွက်တစ်ရွက်
ဝန်တိုမှု အပိုင်းအစ
သံဆူးကြိုးပေါ်က စီးမျောတဲ့ လရောင်
လွင်တီးခေါင် အလွမ်းတွေကို
နူးညံ့မှုကင်းစွာနဲ့ပဲ
လက်ဖ၀ါးထဲ ထည့်ချွေလိုက်တယ်။
လှလွန်းတဲ့ နှင်းလ ကို
စိတ်နာနာနဲ့ မော့ကြည့်တော့
မပြုံးတတ်တော့ပါဘူး ဆိုသူ နှင်းလမင်းကြီးကတော့
…
အနားက ကြယ်ကလေးကို
ကပ်ကပ်ပြီးတော့ …
တဖျတ်ဖျတ်ရယ်ပေါ့ကွယ်…။
ညဉ့်အမှောင်ထဲ
ခေါက်တုံ့ခေါက်ပြန်နဲ့
တောက်နေတဲ့ တိမ်တွေ။ ဆောင်းနှင်းစက်တို့ကလည်း
လမင်းကို ခ ယ
တသသ နဲ့
ခပ်ဖွဖွ နမ်းတယ်။
“ငါ မပြုံးတတ်တော့တာ ကြာပြီ” လို့
နှင်းလမင်း က
မြေပြင်ကို ငုံ့ကြည့်ရင်း
ခပ်တင်းတင်းဆိုတယ်။
ရေခဲရိုက်သစ်ရွက်တွေကြား
ငှက်ခါးတစ်ကောင်က နားတယ်။
ခြေရာမဲ့ နှင်းပြင်ကြီး
အထီးကျန် ကြိုးတန်းနဲ့
လမ်းပျောက်နေတဲ့ တောက်တဲ့
ဘ၀ကို ငဲ့ကွက်
လှည့်ကွက်လို ကုတ်တွယ်ထားတယ်။
လမင်းကို မော့ကြည့်တော့
မပြုံးတတ်တော့ပါဘူး ဆိုတဲ့ နှင်းလမင်း က
ဖွဖွလေး ပြုံးနေတယ်
အနားက ကြယ်ကလေးကိုပါ။
အေးခဲနေတဲ့ မြေပြင်ဟာ
ရေခဲရိုက်သစ်ရွက်တစ်ရွက်
ဝန်တိုမှု အပိုင်းအစ
သံဆူးကြိုးပေါ်က စီးမျောတဲ့ လရောင်
လွင်တီးခေါင် အလွမ်းတွေကို
နူးညံ့မှုကင်းစွာနဲ့ပဲ
လက်ဖ၀ါးထဲ ထည့်ချွေလိုက်တယ်။
လှလွန်းတဲ့ နှင်းလ ကို
စိတ်နာနာနဲ့ မော့ကြည့်တော့
မပြုံးတတ်တော့ပါဘူး ဆိုသူ နှင်းလမင်းကြီးကတော့
…
အနားက ကြယ်ကလေးကို
ကပ်ကပ်ပြီးတော့ …
တဖျတ်ဖျတ်ရယ်ပေါ့ကွယ်…။
Friday, 18 January 2013
ဖြစ်ချင်တဲ့ ဆန
ဖြစ်ချင်တဲ့ ဆန္ဒ
လွမ်းတယ် (အနေဝေးရင်)
ပိုင်ဆိုင်ချင်တယ် (တစ်ဘ၀စာ)
အရမ်းချစ်တယ် (တစ်သက်လုံး)
သတိရတယ် (မတွေ့ရတဲ့အခါ)
အတူနေချင်တယ် (လိုက်လျောရင်)
နမ်းချင်တယ် (ဖြူစင်စွာ)
ထိုင်ကြည့်ချင်တယ် ( 24 နာရီ)
ချော့သိပ်ချင်တယ် (ညတိုင်း)
သီချင်းဆိုပြချင်တယ် (အိပ်ခါနီး)
မျှော်လင့်ချင်တယ် (ရင်ခုန်စွာ)
အရမ်းပြန်ချစ်ပါ (အလိုလားဆုံး)
အရမ်းဂရုစိုက်ပါ (အမြဲ)
မမုန်းဘူး (ဘယ်တော့မှ)
လက်ကလေးကိုင်ချင်တယ် (ခွင့်ပြုရင်)
အဆင်မပြေဘူး (မင်းမရှိတဲ့အချိန်)
မခွဲနိုင်ဘူး (ယုံ)
ထပ်ကာထပ်ကာပြောချင်တယ် ( I Love You )................။
အမေစကား လွမ်းနားကြးနေလျှက်ပါ
အမေစကား
အတူနေစဉ်အချိန်တွေမှာ
အမေ့စကားတန်ဖိုးမဲ့စွာ
ခွဲခွာရမှသတိရ
အမေစကားအဖိုးတန်လှ....။
အမေနဲ့ နေ့စဉ်အချိန်တွေကို
သတိရရင်းလွမ်းစိတ်ပို
အခုချိန်ခါမှာကျွန်တော်တမ်းတ
မေနဲ့အဝေးသို့ ရောက်တော့မှ....။
အောင်မြင်မှုအမှန်ရရှိမှာ
အမေ့စကားနားထောင်ပါ
ဘ၀တစ်သက်တာ
ကျင့်သုံးသွား
အမေစကားမြေ၀ယ်မခြား......။
အမေ့သားလေး ကောက်ရ
အမေ့သား
တောင်ကြီးဖ၀ါးအောက်ဆိုတဲ့စကားကြားဖူးမှာပါအမေ
တောင်ကြီးဖ၀ါးအောင်ဆိုပေမယ့် တောင်သိပ်ကြီးလို့
ဖ၀ါးပေါက်ရှေ့ဆက်မလျှောက်နိုင်လို့ လမ်းဘေးထိုင်နား အရှုံးပေး
လိုက်ရတဲ့သူတွေ ဒုနဲ့ဒေရှိပါသေးတယ်အမေ
လှိုင်းကြီးလှေအောက် စကားကြာဖူးမှာပါအမေ
လှိုင်းကြီးလှေအောက်ဆိုပေမယ့် လှိုင်းသိပ်ကြီးလို့ လှေမှောက်
ရေအောက်ရောက်ပြီး အသက်ပျောက်ရသူတွေ အသင်္ချေ ရှိပါသေးတယ်အမေ
လှိုင်းမကြီးရင်လည်း လှေလှော်ရင်တက်ကျိုး ကံကြမ္မာ ဂယက်ဆိုးမှာတ၀ဲလည်လည်
ဒုက္ခရောက်ရသူတွေ အများအပြားရှိပါသေးတယ်အမေ
ဒါပေမဲ့ အမေရယ် အမေ့ရင်ဖွား အမေ့သားကတော့ အမေပေးတဲ့ အားအင်တွေနဲ့
ဘယ်လိုအခက်အခဲတွေ ပဲ လာပါစေ ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်ကို
အရောက်သွားမှာပါမေ.......။
(အားပေးလိုက်တဲ့ မိခင် သွေးများထဲသို့စီးဝင်
အောင်ပွဲများလည်းရရှိမယ်မေမေရယ်)
အဲ့သီချင်းစာသားလေးကို အရမ်းကြိုက်တယ်.....
မိဘကျေးဇူး မြင်းမိုရ်ဦးကို အထူးကျေအောင် ဆပ်ကြပါ
မိဘကျေးဇူး မြင်းမိုရ်ဦးကို အထူးကျေအောင် ဆပ်ကြပါ
မိဘတို့၏ကျေးဇူးတရားကို ယူဇနာပေါင်း ရှစ်သောင်းလေးထောင် အမြင့်ဆောင်သော မြင်းမိုရ် တောင်နှင့် ဥပမာကပ် ဂုဏ်နှိုင်းအပ်လည်း ဤမျှမြင့်ဆို ထိုမြင်းမိုရ်မှာ နွားချိုခန့်သာရှိတော့ သည်ဟု ဗုဒ္ဓမြတ်ဘုရား ဟောကြားခဲ့၏။ မိဘများသည် ဗြဟ္မာအလား စိတ်ထားပိုင်ရှင်များ လည်းဖြစ်ကြသည်။။ ကိုယ်ဝန်တည်ရာ ရှိလာသောအခါ ရောဂါကင်းပါစေ၊ အင်္ဂါခြေလက် ပြည့်စုံပါစေဟု သန္ဓေသားအား မေတ္တာပို့၏။ မွေးဖွားလာလို့ ငိုသံကြားကလည်း ကရုဏာ တရား ဖြစ်ပွားကြ၏။ သားသမီးများ လမ်းလျှောက်ပြေးလွှား ကစားကြ၍ ထိုထိုအတတ် မွန်မြတ်သည့်ပုံ တွေ့ကြုံပြန်တော့ မုဒိတာတရား ဖြစ်ပွားကြ၏။ ကိုယ့်ခြေကိုယ့်လက် မားမား ရပ်၍ အိမ်ယာခွဲကာ စီးပွားရှာနိုင်လို့ မိဘအကူ မယူရဘဲ နေသည့်အခါကျပြန်တော့လည်း သားသမီးတို့အပေါ်၌ ဥပေက္ခာတရား ပွားများကြသည့် မိဘတို့၏ ကျေးဇူးမှာကား လွန်စွာ များပြား ကြီးမားလှပါသည်။
စေသနာဖြင့် လွမ်း
လွမ်းရဲ့ အချစ်ဦး
အချစ်ဦး
ချစ်တတ်စအရွယ်
လူငယ်တစ်ယောက်ရဲ့ 
နှလုံးသားမှာအချစ်ပန်းလေး
ဖူးပွင့်နေခဲ့လို့
ချစ်ဝတ်မှုန်လေးတွေကို
မရဲ့ နှလုံးသားဆီ
ပို့ဆောင်နိုင်ဖို့ရာ
မဆီကချစ်လိပ်ပြာလေးကို
အချစ်ဦး
ချစ်သူသို့ လွမ်း
ချစ်သူသို့
ငါ......မင်းကိုချစ်တယ်
မင်းဖြစ်နေတဲ့အတွက် ငါချစ်တာတော့မဟုတ်ဘူး
ငါဟာမင်းဖြစ်နေလို့၊ ငါ့စိတ်တွေမင်းအရိပ်လိုက်နေလို့
ငါမင်းကိုချစ်တာ..........
မင်းကိုလွမ်းတိုင်းသာ
လဝန်းကြီးသာပေးခဲ့ရင်
မောင့်ဘဝတွက်အမှောင်ဆိုတာရှိတော့မှာမဟုတ်ဘူး.......
မင်းပေါ်အချစ်တွေပိုတိုင်း
မိုးစက်လေးတို့ ကြွေတတ်ခဲ့ရင်
ကောင်းကင်တောင် ဟင်လင်းဖြစ်လောက်ပြီချစ်သူ............
တစ်ယောက်နဲ့ တစ်ယောက် လွမ်းလိုက်တာ
ချစ်သူရယ်ဆိုတဲ့....
စကားလုံးတွေရှိတဲ့ နေ့ရက်တွေမှာ
မောင်မနေချင်တော့ပါဘူး......
မင်းရင်ထဲကို တိတ်တဆိတ်ဝင်
နှလုံးလားလေးကို အားရအောင်ဖွဖွလေးနမ်းချင်တယ်
နေ့သစ်တိုင်းမှာ၊ ကြင်နာချင်တယ်ချစ်သူရယ်.......
နှလုံးသား သစ္စာ
နှလုံးသား သစ္စာ
ရင်ခုန်တာ နင် မသိပေမယ့်
မသိအောင်လည်း မပြောတော့ပါဘူး
ဝေဒနာ မမြင်မိသူ အတွက်
မြင်မိအောင်လည်း မပြတော့ပါဘူး
ရင်ခုန်သံ မျက်နှာချင်း ဆိုင်ချင်သူမို့
ဗလာကျင်းတဲ့ (မ) နှလုံးသားမှာ
မုန်းပွားစရာ အချစ်လည်းမဖြည့်တော့ပါဘူး
လိုအင်ကို အစိမ်းချုပ်
ဆန္ဒကို ရေမှာမျှော
ဝေဒနာ မမြင်မိသူ အတွက်
မြင်မိအောင်လည်း မပြတော့ပါဘူး
ရင်ခုန်သံ မျက်နှာချင်း ဆိုင်ချင်သူမို့
ဗလာကျင်းတဲ့ (မ) နှလုံးသားမှာ
မုန်းပွားစရာ အချစ်လည်းမဖြည့်တော့ပါဘူး
လိုအင်ကို အစိမ်းချုပ်
ဆန္ဒကို ရေမှာမျှော
မသောသော ရယ်ဖို့ရာ
အစဉ်ရှိ အချစ်တေးတို့
သခင်ဝေးတဲ့ ငါ့ရင်မှာ
ပေးဆပ်ဖို့ရှင်သန်
ဒဏ်ရာတွေ မမ မရအောင်
ခရေ အသွင်နဲ့
မြေပြင်မှာ ဖြန့်ကာကြဲလိုက်မယ်
နှလုံးသားကို လမ်းခင်း
ချစ်သူ...မမလေးသာလိုရာကိုလျှာက်ပါတော........
အစဉ်ရှိ အချစ်တေးတို့
သခင်ဝေးတဲ့ ငါ့ရင်မှာ
ပေးဆပ်ဖို့ရှင်သန်
ဒဏ်ရာတွေ မမ မရအောင်
ခရေ အသွင်နဲ့
မြေပြင်မှာ ဖြန့်ကာကြဲလိုက်မယ်
နှလုံးသားကို လမ်းခင်း
ချစ်သူ...မမလေးသာလိုရာကိုလျှာက်ပါတော........
ရင်ထဲက မထံသို့။.
လွမ်း...................
ချစ်သူဖတ်ဖို့
ချစ်သူဖတ်ဖို့
သတိရခြင်းတွေထုပ်ပိုးလို. ..
မင်းဆီအရောက်ပို့လိုက်တယ်ချစ်သူ....
ကြယ်ရောင်တွေလင်းလက်...
လမင်းရဲ့ အလင်းတ၀က်နဲ့အတူ....
အိပ်ပျက်ညတွေကသိပ်များ....
မင်းကို(တအား)ချစ်ခဲ့ပါတယ်....
အပိုလို့ဆိုနေမလားချစ်သူ....
ညရဲ့အလှလည်းမသိနိုင်....
အထီးကျန်တကိုယ်တည်းထိုင်ကတွေး...
မင်းနဲ့ကိုယ် ရဲ့ အနာဂါတ်ရှေ့ရေးလေ...
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်.....
လွမ်းရတဲ့ညတွေကိုလွန်မြောက်....
စိတ်ကိုထွက်ပေါက်တစ်ခုပေးလိုက်ချင်တယ်.....
ဒီဘ၀ နဲ့ နောင်ဘ၀များစွာအတွက်....
ဆုတစ်ခုပဲပေးပါလို့
နစ်လိုစွာဆန္ဒပြုမယ်......
မင်းတစ်ယောက်ကိုသာပိုင်ဆိုင်ပါရစေလို့လေ.....
လေပြေလေးပဲ ဖြစ်ပါရစေ ချစ်သူ
လေပြေလေးပဲ ဖြစ်ပါစေ
ချစ်သူရယ်.....
မြင်ကြည့်လှည့်စမ်းပါ
ကိုယ်က သစ်ရွက်လေးဆို
မင်းက လေပြေလေး တခုပေါ့
လေပြေလေးရဲ့ နှုးညံစွာ
ထိတွေ့ချော့မြူ မှု့တွေကြောင့်
သစ်ရွက်လေး ကပျော်ရွင်စွာ
ကခုန်ခွင့် ရခဲ့တယ်လေ
အရမ်းကိုအေးချမ်း ကြည့်နှုးတဲ့
မြင်ကွင်းလေးတခုပေါ့ နော်
ခုချိန်မှာတော့......
လေပြေလေးရဲ့ တိုက်ခိုက်မှု့တွေ
ကြမ်းတမ်း ရက်စက်လာသလို
သစ်ရွက်လေးကလည်း
လေပြေရဲ့ထိတွေမှု့ကြောင့်
ဗြောင်ဆန်စွာ တစစီဘဝနဲ့
စုတ်ပြတ်သတ် ကြွေကျခဲ့ရတယ်လေ
သစ်ရွက်လေးရဲ့ဘဝက လေပြေလေးလို
ကိုယ့်ဘဝကလည်း မင်းပါပဲ
မင်းရဲ့အချစ်တခုနဲ့ အသက်ရှင်နေသူပါ
မင်းနှလုံးသားကိုကြားအောင် ပြောပြချင်တာက
ကိုယ့်အတွက် မင်းက
ထာဝရ လေပြေလေးပဲ ဖြစ်ပါစေလို့...နော်
မအတွတ်
စွယ်တော်တစ်ရွက်လို
တဖက်ကတစ်ရွက်
ခြောက်သွေ့ သလို
ရထားတစ်ဆင်း
တလမ်းထဲမှာနင်းလို့ 
မြင်ကွင်းမကောင်းဘူး
ဝေးကွာခြင်းကတစ်နာရီမိုင်(60)
အားလုံးကိုဖုန်းကဆက်သွယ်
ဖုန်းမရှိတော့
ငါသတိရခြင်းတွေ
နေ့ တိုင်းသေတယ်....မှန်လားချစ်သူ
လွမ်း.......................
Monday, 14 January 2013
ရွက်လှ
ပွင့် လည်း ..... မပွင့် 
မွှေးလည်း ..... မမွှေး ။
တွန့်  ,
လိမ် ,
ကောက် ,
ကွေး ,
ကွက်ကြား လေးကို ...
လက်ဆောင်ပေးရင် ယူမှာလား ..... ။
နှစ်ဆယ့် တစ်ရာစု ရည်းစားစကား
မျက်နှာချိုသွေး ... သွေးပြီ ၊
ချစ်ရေးဆိုရမှာ
ရှက်လိုက်တာ ....။
ဂီတာမတီးချင်ဘူး
သီချင်းမဆိုချင်ဘူး ၊
စာမပေးချင်းဘူး
ကဗျာမရွတ်ချင်ဘူး ၊
အုတ်ခုံကို ... ဂစ်တာနဲ့ ရိုက်ခွဲ .....
အဲဒါ
ကိုယ့် အသည်းပါပဲ .... ။
အိုက်တင်....ပေး
ဖက်ရှင်.....ပြ
အ၀တ်အစား လှလှတွေဝတ်ပြီး
ပြဇတ် မကချင်ဘူး ..... ။
ဟောင်နွမ်းနေတဲ့ 
အင်္ကျီကြယ်စေ့ တွေကို
လက်နှစ်ဖတ်နဲ့  ( ဖြန်းခနဲ ) ... ဆွဲဖွင့် 
အဲဒါ ...
ကိုယ့်ရဲ့ ပန်ကြား ခွင့် ပေါ့  ..... ။
အသည်းမကွဲချင်ဘူး
မျက်ရည်မကျချင်ဘူး ၊
ကွန်ပြူတာ စကိခလုပ်တွေပေါ်မှာ ...
တို့ နှစ်ယောက်
ပျော်ရွှင်စွာ တွေ့ ဆုံကြရအောင် ....။ ။
ပန်းတိုင်
မေ ....
နေ အရမ်းပူပေမယ့် 
ခြေလှမ်းအတူ လှမ်းပြီး
နွေလမ်းထဲမှာ လျှောက်ချင်တယ် ။
နွေမှာ ...
ပိတောက် ..
ရေလာသောက်တယ် ။
နွေနဲ့  ပိတောက်,
ရွှေနဲ့  ကျောက်လို
( မောင်လည်း ) ...
မေ နဲ့  နှစ်ယောက်တည်း နေချင်တယ်... ။
မင်းရဲ့အပြု့အမူ့
ချစ်သူ………………
နင်နဲ့တွေ့တိုင်း
မထုံတက်ထေးအမူအရာနဲ့
မျက်နှာလွှဲပစ်ခဲ့တာ
နင့်ကိုမုန်းလို့မှမဟုတ်တာ
အေးစက်တဲ့အမူအရာတွေရဲ့ နောက်ကွယ်မှာ
ရူးမတတ်ချစ်ခြင်းတွေနဲ့
နွေးထွေးပျူငှာစွာ ကြင်နာချစ်နေတဲ့
ဆန္ဒနွေးနွေးလေးတစ်ခုရှိတယ်
အသက်မပါတဲ့အကြည့်တစ်ချက်ရဲ့နောက်ကွယ်မှာ
တန်ပြန်သက်ရောက်လာမဲ့ ချစ်ခြင်းတွေကို
အသေအလဲတောင်းတနေမိတဲ့
အသက်ဝင်တဲ့မျက်ဝန်းတစ်စုံရှိတယ်
အဲဒါတွေ နင်သိမှာစိုးလို့
မိန်းကလေးတစ်ယောက်ရဲ့ မာနနဲ့ သိက္ခာအတွက်
အဝေးဆုံးကိုပြေးထွက်ခဲ့တာပါ
နင်သာ………….အဲဒါတွေသိခဲ့မယ်ဆိုရင်………
နင်နဲ့တွေ့တိုင်း
မထုံတက်ထေးအမူအရာနဲ့
မျက်နှာလွှဲပစ်ခဲ့တာ
နင့်ကိုမုန်းလို့မှမဟုတ်တာ
အေးစက်တဲ့အမူအရာတွေရဲ့ နောက်ကွယ်မှာ
ရူးမတတ်ချစ်ခြင်းတွေနဲ့
နွေးထွေးပျူငှာစွာ ကြင်နာချစ်နေတဲ့
ဆန္ဒနွေးနွေးလေးတစ်ခုရှိတယ်
အသက်မပါတဲ့အကြည့်တစ်ချက်ရဲ့နောက်ကွယ်မှာ
တန်ပြန်သက်ရောက်လာမဲ့ ချစ်ခြင်းတွေကို
အသေအလဲတောင်းတနေမိတဲ့
အသက်ဝင်တဲ့မျက်ဝန်းတစ်စုံရှိတယ်
အဲဒါတွေ နင်သိမှာစိုးလို့
မိန်းကလေးတစ်ယောက်ရဲ့ မာနနဲ့ သိက္ခာအတွက်
အဝေးဆုံးကိုပြေးထွက်ခဲ့တာပါ
နင်သာ………….အဲဒါတွေသိခဲ့မယ်ဆိုရင်………
ချစ်သူ..
သူများတွေအတွက်တော့
မသိဘူး ငါ့အတွက်ကတော့
နင်ကတကဲ့ သူခိုးပဲ။။
#%^&??????
သူများတွေအတွက်တော့
မသိဘူး ငါ့အတွက်ကတော့
နင်ကတကဲ့ သူခိုးပဲ။။
#%^&??????
ဟုတ်တယ်လေ နင်က
ငါ့အိပ်မက်တွေကို ခိုးတယ်။
ငါ့အတွေးတွေကို ခိုးတယ်။
ငါ့နှလုံးသားကို ခိုးတယ်။
ငါ့အချစ်တွေကို ခိုးတယ်။ငါသာတရားသူကြီးတယောက်
ဆိုရင် ငါ့နှလုံးသားထောင်ထဲမှာ
တသက်တကျွန်းလွတ်ရက်မရှိ
ထောင်ချပစ်တယ်…ချစ်သူ
ငါ့အိပ်မက်တွေကို ခိုးတယ်။
ငါ့အတွေးတွေကို ခိုးတယ်။
ငါ့နှလုံးသားကို ခိုးတယ်။
ငါ့အချစ်တွေကို ခိုးတယ်။ငါသာတရားသူကြီးတယောက်
ဆိုရင် ငါ့နှလုံးသားထောင်ထဲမှာ
တသက်တကျွန်းလွတ်ရက်မရှိ
ထောင်ချပစ်တယ်…ချစ်သူ
အချစ်ဆိုတာ ဘာလဲ??
တစ်ခါမှ မသင်ယူ မလေ့လာဖူးတဲ့
ဘာသာရပ်တစ်ခုပါ
လိုက်လို့မမီအောင် နားလည်ရခက်ပါသည်။
ထို့ကြောင့်သူ့ကို ခဏမေ့ထားလိုက်ပါမည်………။ (လွန်းထားထား)
Subscribe to:
Posts (Atom)