အဆုံးရှုံးခံ နှလုံးသား
ငါ့နှလုံးသားထက်ကအချစ်ဆိုသော စာမျက်နှာငါချစ်တဲ့ နင့်ကြောင့်သာအသက်ဝင်တယ်…..ငါမရင်းနှီးသေးသောငါနှလုံးသားရဲ့နောက်စာတစ်မျက်နှာနင်စိတ်တိုင်းကျဇာတ်ညွန်းတို့နဲ့ ပုံဖော်လှည့်ပါနင်ထားရာနေ စေရာသွားနင့်အလိုကျ (ငါ) ကပါ့မယ်ချစ်သူ…..နင်ပျော်မယ်ထင်ရင်ငါ့ရင်ကို စုံကန်လို့ငါ့နှလုံးသားကိုနင်းချေ ထွက်သွားလိုက်ပါနင့်ကိုမုန်းဖို့မတတ်နိုင်မှတော့နင်မယုံကြည်နိုင်တဲ့ငါ့အချစ်တွေကိုသာအပြစ်ပုံချလို့ကြေမွနေတဲ့ ငါ့နှလုံးသားကိုမြေမြှပ်ပစ်ဖို့ ကြိုးစားလိုက်ပါ့မယ်……နင့်ဘ၀အတွက်လမင်းတစ်စင်းအဖြစ်လင်းလက်ခွင့်မရရင်တောင်နင့်ဘ၀မှောင်မိုက်ချိန်မှာအလင်းပေးနိုင်တဲ့ကြယ်တစ်စင်းဖြစ်ပါရစေ…“အလျှော့ပေးလို့ရောင့်တတ်တယ်”လို့တော့မထင်လိုက်ပါနဲ့ ချစ်သူဖြစ်နိုင်ရင်အလင်းပေးရုံမကနင်လမ်းပျောက်ခဲ့ရင်လမ်းပြခွင့်ရတဲ့ဓူဝံကြယ်လေး ဖြစ်ပါရစေ…နင့်ဘ၀အတွက်ငါမလိုအပ်တော့၇င်တောင်မှနင့်ဆုတောင်းတွေပြည့်နိုင်ဖို့ငါ့ကိုငါကြွေစင်းပေးပါ့မယ် ချစ်သူ….အရာရာ နင့်အလိုကျဖြစ်စေခဲ့တဲ့ ငါနင်ပြောသမျှခေါင်းညိတ်နေတတ်ခဲ့ပြီ….စိတ်တိုင်းကျအနိုင်ယူလှည့်ပါ ချစ်သူငါမင်းအတွက်အမြဲတမ်း အရှုံးပေထားလို့ပါ…“ကိန္ဒရာမောင်နှံတစ်ညတာ ကွေကွင်းရတာကိုတစ်ဘ၀လုံးလွှမ်းဆွေးငိုကြွေးတယ်”တဲ့မင်းမချစ်နိုင်တဲ့ငါ့နှလုံးသားအတွက်ဒီတစ်ဘ၀လုံးမကပါဘူးနောင်ဘ၀ဆိုတာသာရှိခဲ့ရင်သံသရာ အဆက်ဆက်(ငါ)ငိုကြွေးပါရစေ…..တမြေ့မြေ့ညှဉ်းမသတ်ပါနဲ့ ချစ်သူငါ့နှလုံးသားထက်ကဒဏ်ရာဟောင်းတောင်အနာမကျက်သေးလို့ပါ…နင့်ကြောင့်သာ အချစ်ကိုကိုးကွယ်တတ်ခဲ့သူပါချစ်တတ်အောင်သင်ပေးခဲ့ပြီးမှမုန်းတတ် နာကျဉ်းတတ်အောင်သင်ပေးခဲ့ပါဦး ချစ်သူ…ဖြစ်နိုင်ရင်ချစ်တတ်တဲ့နှလုံးသားကိုမီးရှို့ပြာချလို့အချစ်မဲ့ ၀န်းကျင်သစ်မှာရှင်သန်အောင် ကြိုးစားကြည့်ချင်တယ်…နင်မရှိတဲ့ ငါရဲ့ညတိုင်းကိုအလွှမ်းတွေကသာစိုးမိုး ခြယ်လှယ်တယ်…ဒါပေမဲ့ ချစ်သူအရှင်လတ်လတ်ရင်ခွဲခံပြီးမှတော့အသေးအမွားဒဏ်ရာ(အလွှမ်း)လောက်ကိုနာကျင်တယ်လို့မညည်းညူချင်တော့ပါဘူး.။….။
No comments:
Post a Comment