Saturday, 15 December 2012

ကဗျာလေးများ


ချစ်သူ
အနေဝေးနေလျှက်နဲ့
ရင်ဘတ်ချင်း နီးစပ်နေတဲ့အတွက်

အချိန်နာရီတွေ မတူညီပေမယ့်
အချိန်တိုင်း လွမ်းနေပေးတဲ့အတွက်

မိုင်တိုင်တွေ ခြားနေပေမယ့်
ခြေရာတိုင်းမှာ အရိပ်လေးဖြစ်နေပေးတဲ့အတွက်

အမူအကျင့် မတူညီပေမယ့်
စိတ်ကူးအတွေးတွေ ထပ်တူကျနေတဲ့အတွက်

ဘုရားသွားကျောင်းတက်
အတူမရှိနိုင်ပေမယ့်
အလှူအတန်းတိုင်း အတူတူပြုခွင့်ရတဲ့အတွက်

အရာရာတိုင်းအတွက် ဝမ်းသာကျေနပ်
အတူတူရှိခြင်း မရှိခြင်းထက်
တူညီတဲ့ ခံစားမှုတိုင်းက
အတိုင်းအဆမရှိ ပိုချစ်မိစေတယ် ချစ်သူ

မမေ့ကြေး

ချစ်သူရေ ငါတို့အချစ်တွေ

ဒီနေ့မှာ ဟောင်းသွားရင်

မနက်ဖြန်မှာအချစ် အသစ်

အလွမ်းစစ်စစ်နဲ သတိရပေးပါ

တွေ့ခွင့်မကြုံ ဝေးလို့

နေပေမယ့် မမေ့ကြေး

ငါ့အကြောင်း တွေးတိုင်း လွမ်းပါ . . .

ချစ်သူရယ် . . . . .


သဝန်တိုခြင်းအကြောင်းပြချက်ဟာ
ချစ်တဲ့စိတ်ကြောင့်ဖြစ်တယ်

စိတ်ဆိုးခြင်းအကြောင်းပြချက်ဟာ
ချစ်တဲ့စိတ်ကြောင့်ဖြစ်တယ်
...


ဦးစားပေးခံချင်တဲ့အကြောင်းပြချက်ဟာ
ချစ်တဲ့စိတ်ကြောင့်ဖြစ်တယ်

စိုးရိမ်တဲ့အကြောင်းပြချက်ဟာ
ချစ်တဲ့စိတ်ကြောင့်ဖြစ်တယ်

တချို့လူတွေကသူတို့ရဲ့အရမ်းချစ်တဲ့စိတ်ကြောင့်
တဖက်လူကိုစိတ်ရှုပ်အောင်လုပ်မိသလိုဖြစ်သွားတတ်တယ်
အဲဒီအခါသင်နားလည်ပေးတတ်ဖို့လိုပါတယ်

ချစ်သူတွေမှာ တယောက်ကကိုယ့်ချစ်သူရဲ့
အချစ်လွန်တဲ့စိတ်လေးကို ဖြည့်တွေးပြီးတော့နားလည်ပေး
တယောက်ကလည်းကိုယ့်ရဲ့အချစ်လွန်တဲ့စိတ်ကို
ကိုယ့်ချစ်သူစိတ်မညစ်ရအာင်သတိလေးနဲ့ချစ်ပေး
အဲဒီလိုအပြန်အလှန်နားလည်မှုလေးနဲ့သင်တို့ဟာချစ်တတ်ခဲ့မယ်ဆိုရင်
သင်တို့ရဲ့ချစ်သူဘဝဟာ ပျော်ရွှင်စရာကောင်းလာပါလိမ့်မယ်

ချစ်သူဖြစ်ဖို့ ချစ်တယ်ဆိုတဲ့စကားလေးတခွန်းပဲလိုတယ်
ဒါပေမဲ့ချစ်သူအကြာကြီးဖြစ်ဖို့ကျတော့ သင်တို့နှစ်ယောက်လုံးချစ်တတ်ဖို့လိုပါတယ်
ဆုတောင်းပြည့်မယ်ဆိုရင်
မတော်တဆ ငါနိုးထလာတိုင်း
နင်...ငါ့ဘေးမှာရှိရင် တော်ပါပြီ။
ငါ..ကျေနပ်ပါပြီ။

တခါတခါ
အရူးထပြီး သေလောက်အောင်လွမ်းတဲ့
ငါ့ရင်ဘတ်ကို အိပ်ဆေးတိုက်ပြီး
ပြန်အိပ်ခိုင်းဖို့ကောင်းတယ်။

လွမ်းတယ်ဆိုတာ
နူးညံသလိုလို ခံစားရပေမယ့်
ငါ့နှလုံးသား တခုလုံးကို တဆစ်ဆစ်ကိုက်စားပစ်တဲ့
အက်စစ်တမျိုးပဲ။


နင်...
ငါ့ကို လျစ်လျူရှုတဲ့အခါ
တကမ္ဘာလုံးက ငါ့ကို လျစ်လျူရှုထားသလို ခံစားရတယ်။

နင်...

ငါ့ကို ဂရုစိုက်တဲ့ အခါ
ငါ... တကမ္ဘာလုံးကို လျစ်လျူရှုပစ်လိုက်တယ်။

ငါပျော်ရွှင်မိတဲ့ အချိန်မှာပထမဆုံး
သတိရ မိတာ...မင်းပါ...
နင်အလုပ်တွေဘယ်လောက်ပဲရူပ်ရူပ်
ငါ့အတွက်အိပ်ပျက်ခံပြီး ဂရုစိုက်မှုတွေ
ပေးခဲ့တာတွေကိုယ်လဲ ငါ့တသက်
ဘယ်တော့မှ မေ့မှာမဟုတ်တော့ပါဘူး..ချစ်သူ
နင်နဲ့ ပတ်သက်တဲ့အမှတ်တရအားလုံးကိုယ် သတိရရင်း
နင့်ရဲ့မျက်ဝန်းအဓိပ္ပါယ်ကိုယ် ငါနားလည်လို့အဝေးကနေပဲ
ဂရုစိုက်ရင်း တိတ်တိတ်လေး သတိရနေခဲ့တာပါ ချစ်သူ
ချစ်သူ...နားလည်နိုင်ပါစေ...


နာကျင်စရာအတိတ်ဘယ်လောက်ရှိရှိ
ရင်ခုန်စရာအတိတ်ဟာ အတိတ်ပဲမလား

နှလုံးသားက တကန့်စီ ကန့်ထားခဲ့ပါသည်
မျက်ရည်ကသက်သက် ၊ အပြုံးကသက်သက်


သူနှင့်ပတ်သက်၍ ငိုခဲ့ဘူးသည်
သူနှင့်ပတ်သက်၍ ပျော်ခဲ့ဘူးသည်
အချစ်ဆိုတာကိုက မျက်ရည်တွေ ၊ အပြုံးတွေနှင့်ပေါင်းစပ်ထားတဲ့
ခံစားချက်ကဗျာတပုဒ်ပဲလေ ..

မျက်ရည်ကျမဲ့အပိုဒ်ကို ရွေးဖတ်မိတဲ့အခါမျိုးဆိုရင်တော့
ကျနော်တို့တွေ ငိုရမှာပါပဲ ။ ။
ချစ်တဲ့သူတိုင်းရဲ့ ရင်ထဲမှာ..........
အမုန်းတွေမရှိရဘူး

ချစ်တဲ့သူတိုင်းရဲ့ ရင်ထဲမှာ.............
အညိုးတေးတွေမရှိရဘူး

ချစ်တဲ့သူတိုင်းရဲ့ ရင်ထဲမှာ.............
မယုံကြည်မှုတွေမရှိရဘူး

တစ်ကယ်တော့် ချစ်တဲ့သူတိုင်းမှာ
အများကြီးမလိုပါဘူး
ချစ်ခြင်းနဲ့ ယုံကြည်နားလည်ပေးခြင်းတွေပဲလိုတာပါ။          ။


မခွဲကြေး

ချစ်သူရေ.......
ခုချိန်တွေမျာ.....
မင်းနဲ့ငါဝေးနေရတာတွေဟာ
တစ်နေ့မှာနီးဆို့ပဲမဟုတ်လား
ငါအားတင်းထားတယ်......
မင်းကိုသိပ်လွမ်းလို့
ခံစားချက်တွေပွင့်ဟ
မျက်ရည်တွေကျမိတိုင်းမှာ...
မျက်ရည်တွေအသာသုတ်
ဒို့အတူဆုံကြမယ့် နေ့လေးကိုမှန်းဆ
ပျော်စရာလေးတွေဖွေရှာ
ဒီလိုပဲငါဖြေသိမ့်ခဲ့ရပေါ့
ငါယုံကြည်စွာစောင့်နေမယ်
တစ်နေ့ခိုင်ခိုင်မြဲမြဲလက်တွဲခဲ့ကြရင်
ဘယ်တော့်မှ မခွဲကြေး နော်။

ချစ်သူ
မင်းသိပါ့မလား

ကြင်နာမှုထက်ပိုတဲ့
စာနာမှုတွေ

ချစ်ခြင်းထက်ခိုင်မြဲတဲ့
မေတ္တာတရားတွေ

တွယ်တာခြင်းထက်ပိုတဲ့
မြတ်နိုးခြင်းတွေ

နားလည်မှုထက်ပိုတဲ့
အလိုက်သိမှုတွေ

တန်ဖိုးတစ်ခုထက်ပိုတဲ့
လေးစားမှုတွေနဲ့

သခင့်အပါး
ခစားခွင့်မရှိရင်တောင်
ဟိုး အဝေးမှာပဲ
တိတ်တိတ်လေး အထီးကျန်
အခန်းကျည်းလေးထဲမှာ
ကိုယ့်တစ်ယောက်တည်း
နေပေးပါ့မယ်
ဘဝရဲ့နောက်ဆုံးထွတ်သက်ထိပေါ့

ရင်ထဲကသူငယ်ချင်း

သူငယ်ချင်းရေ
ဒို့တွေစရိုက်ချင်းမတူပေမဲ့
အကြိုက်ချင်းတူကြတယ်
ဇာတာခြင်းမတူပေမဲ့
ဝါသနာခြင်းထပ်တူကြတယ်
အလုပ်အကိုင်ခြင်းမတူပေမဲ့
ကြိုးစားလုပ်ကိုင်ပုံခြင်း
တူညီကြတယ်
ဂုဏ်ဓနခြင်းမတူပေမဲ့
ဒို့နှစ်ယောက်သား
လူတစ်ဖက်သားကို
စာနာမှုခြင်းတူကြတယ်
အတိတ်က ဒဏ်ရာခြင်း
မတူပေမဲ့ အသဲကွဲတာခြင်းတူခဲ့တယ်
ငါတို့တွေ့တစ်ခါတစ်ခါ
စိတ်ကောက်စိတ်ဆိုးကြပေမဲ့
အရာရာ စိတ်လျှော့ပေးတဲ့
သူငယ်ချင်းကို
ငါ့ရင်ထဲမှာ အမြဲသတိရနေဆဲပါ
ငါစိတ်ညစ်တဲ့အခါတိုင်း
မင်းဆီအမြဲဖုန်းဆက်တာကို
စိတ်မကွက်ဘဲ ဖုန်းလက်ခံ
ပေးတဲ့ သူငယ်ချင်းကို
အရမ်းပဲလွမ်းနေမိတယ်
သူငယ်ချင်းရယ်
ငါစိတ်အားငယ်တဲ့အခါတိုင်း
မင်းပြောတဲ့စကားတိုင်းက
ငါ့အတွက်ခွန်အားဖြစ်စေတယ်
ငါဒုက္ခရောက်တဲ့အခါတိုင်း
အကူအညီပေးတဲ့ Friend ကို
ငါအရမ်းအရမ်းသတိရနေမိတယ်
ငါရေးတဲ့ကဗျာလေးကို
ကဗျာမဟုတ်စာတစ်ပုဒ်လို့
နင်ကဲ့ရဲ့ရင်လည်း
အပြုံးမပျက် ငါခံယူမယ်
ဒါပေမယ့်
ဘယ်သောအခါမှ
ဒို့တွေရဲ့ ရင်းနှီးမှုတွေကို
မမေ့ပစ်လိုက်ပါနဲ့ သူငယ်ချင်း
ငါ့အတွက်တော့မင်းဟာ
ငါ့ရဲ့ ထာဝရ Best Friend ပါ

ငယ်ချစ်ဦး

မရေရာမသေချာတဲ့ဘ၀၀ယ်
နွေတစ်ရာလိုပူတဲ့ပေတစ်ရာလမ်းမထက်
ဝေဒနာကုဋေကုဋာနဲ့
ဖြေစရာကြင်သူရိပ်မရှိ
လွမ်းအတိ ဆွေးမြည့်
ငါ့နှလုံးသားမြေပြင်ကနေ
မင်းထွက်သွားတာ ခုထက်ထိ
ရာသီတွေအလီလီပြောင်းပေမဲ့
မင်းကိုငါတစ်နာရီတောင်
မမေ့နိင်သေးပါဘူး
ငယ်ချစ်ဦးရယ်
ကြင်သူအသစ်နဲ့ မင်းက
ရွှင်ပျော်ရစ်နေချိန်မှာ
ငါမှာတော့တစ်ကိုယ်တည်း
အထီးကျန်နေရဆဲ
အချစ်ကြီးတာကို
မင်းကအပြစ်ကြီးတစ်ခုလို့ယူဆပြီး
လွမ်းတေးသံ သတိရတိုင်းဖုန်းဆက်တာကို
နှောင့်ယှက်တယ်လို့
မင်းထင်ခဲ့တာလားအချစ်ရယ်
သိပ်ချစ်မိလို့ အပြစ်ဖြစ်သွားရင်
ငါ့ကိုခွင့်လွှတ်ပါချစ်သူရယ်
ငယ်ချစ်တွေပဲ
မင်းတကယ်ချစ်ရင်
ငါ့ကိုအပြစ်မမြင်သင့်ပါဘူး
ငါရေးတဲ့ကဗျာလေးကို
မင်းမဖတ်နိုင်ပေမဲ့
မင်းပေးတဲ့ဒဏ်ရာတွေက
ငါ့နှလုံးသားထဲမှာထာဝရရှင်သန်နေဆဲပါ
ငယ်ချစ်ဦးလေးရယ်.............................။အချစ်ရယ်...................
မင်းအတွက်ငါဟာ အချစ်ဦး မဟုတ်ပေမဲ့
ငါ့အတွက်တော့ မင်းဟာအချစ်ဦးအရူးအမူးဖြစ်ခဲ့ရသူပါ။
အချစ်ရယ်...................
မင်းငါ့ကို အလေးမထားပေမဲ့
ငါကမင်းကို အတွေးမများဘဲ အလေးထားခဲ့သူပါ။
အချစ်ရယ်....................
မင်းဘယ်သူတွေနဲ့ ဘယ်လိုထည်လဲတွဲတွဲ
မင်းကိုအပြစ်မတင် အချစ်တွေပဲမြင်ခဲ့သူပါ။
အချစ်ရယ်..................
မင်းအကွက်တွေဘယ်လိုရွှေ့ရွှေ့
ငါ့ရင်ထဲက မင်းအတွက်တည်နေရာမရွေ့
အရင်အတိုင်းရှိနေဆဲပါ။
အချစ်ရယ်..................
မင်းနဲ့ခနတာဆုံဆည်းခဲ့ရပေမဲ့
တစ်ဘ၀စာပုံပြီး ချစ်ခဲ့တာပါ။

အချစ်ရယ်................
အခြေအနေမပေးလို့ ဝေးသွားခဲ့ပေမဲ့
ဒီရင်ခွင်လေးက မင်းအတွက်
အမြဲရှင်သန်ဆဲပါ။
ဘယ်တော့မှ မပြောင်းလဲတဲ့ စိတ်နဲ့ချစ်နေမှာမို့
မင်းချစ်ရင် ငါ့ရင်ခွင်ကိုပြန်လာခဲ့ပါ အချစ်ရယ်။

အရမ်းလွမ်းနေသည်

တစ်ချိန်တစ်ခါက မင်းပြောသည်
မင်းရင်ထဲမှာ ငါသာလျှင် အတည်
ဘယ်အရာတွေ ဘယ်လိုပြောင်းလဲ
မင်းတစ်ကယ်ချစ်တာ ငါတစ်ယောက်တည်းတဲ့
ငါမင်းအပေါ်ဘယ်လိုဆိုးဆိုး
အပြစ်မယူ “ I Love You” တဲ့
ငါ့အတွက်ကို ဘာမဆို
ပေးဆပ်ချင်သူတဲ့
အခက်အခဲတွေ ဘယ်လိုကြုံကြုံ
သူ့အချစ်ကို ယုံပါတဲ့
ဘ၀ခရီးဘယ်လောက်ကြမ်းကြမ်း
အတူတူ လျှောက်လှမ်းမှာပါတဲ့
အဲဒီတုန်းက မင်းစကားများ
ငါ့အတွက်တော့ အချစ်ခွန်အား
အချိန်တွေကြာနှစ်တွေပြောင်း
မင်းရဲ့စိတ်တွေအသစ်ဆီပြောင်း
တစ်ချိန်တုန်းက အချစ်ဆုံးပါဆိုတာ
ငါ့ကိုယ်ငါတောင် မယုံချင်လာ
မင်းနှလုံးသားထဲ ဘယ်သူပဲ
ထပ်ပြီးစိုးမိုးသွားပြန်သလဲ
ရက်စက်လိုက်တာ အချစ်ရာ
အခုတော့ဘယ်များပုန်းရှောင်ကာ
ငါ့အသဲကိုဟက်တက်ခွဲ
မင်းတွဲနေတာ ဘယ်သူလဲ
တစ်ချိန်တုံးက အချစ်ဆုံးပါဆိုတာ
ညာခဲ့တာလားကောင်လေးရာ
ဒို့မင်းကို အပြစ်မရှာပါပဲ
မင်းကအသစ်ကို ရှာတွေ့ပြီတဲ့
မင်းပြောခဲ့တဲ့ နောက်ဆုံးစကား
လွမ်းရဲရင် လမ်းခွဲပါတဲ့
မလွမ်းရဲသေးဘူး ကောင်လေးရယ်
အရမ်းလွမ်းနေတယ်.........................။

အချစ်ဆိုတာ လျိုဝှက်ချက်တစ်ခုပါ - ချမ်းမြေ့ပါစေ



 ငွေရှိတိုင်းလည်းမပျော်ကြပါ
 ငွေမရှိပေမယ့်လည်း
ပျော်တဲ့သူအများကြီးပါ
မသိသေးတဲ့ဒီလောကရဲ့ အထာ 
ဘ၀ဆိုတာ တိုက်ပွဲလေးတစ်ခုပါ။

တကယ်ချစ်တယ်ဆို နင်သစ္စာရှိပါ


တကယ်ချစ်တယ်ဆို နင်သစ္စာရှိပါ

အချစ်ဆိုတာ လူနှစ်ယောက်ကြားက

အပေးအယူ  ရောင်းကုန်မဟုတ်ပါဘူး

မ၀ယ်လည်းရောင်းတယ်

မတောင်းလည်းပေးမယ်

ငါဘာမှမမျှော်လင့်ဘူး

 နင်ပျော်နေရင် ငါစိတ်ချမ်းသာတယ်

နင်ပြုံးနေရင် ငါကြည်နူးတယ်

ငါ့မေတ္တာ ငါသစ္စာ

နင်မထောက်ခံချင်နေ

 ဘယ်ခါမှ ငါမဖောက်ပြန်ဘူး

နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေ

အရောင်မပြောင်းဘူး

တည်ကြည်တယ်

 ငြိမ်သက်တယ်

အတိုက်စားခံတယ်

ဆန်ပေးမှဆီရတယ်ဆိုတာ

နင်နဲ့ ငါကြားမှာမရှိဘူး

ဂျင်းစိမ်းနဲ့ မိတ်သလင်လိုလည်း

မငြိုငြင်ပါဘူး

နင်လိုချင်ရင်

ငိုချင်နေတာတောင်

ပြုံးပြုံးလေးနဲ့ အရှုံးပေးမယ့်သူပါ

ဘာပဲဖြစ်ဖြစ် အချစ်ဟာ အချစ်ပါပဲ

တကယ်ချစ်တယ်ဆို နင်သစ္စာရှိပါ........။


                                                       မောင်(ခေတ္တလူ့ ပြည်)

အမေတခြား သားတခြား


အမေ တခြား သားတခြားနဲ့ 
ရှင်ကွဲနဲ့ ရင်ကွဲနေရတဲ့ခေတ်မှာ
ပါးပေါ်မှာ ဖြစ်တဲ့မြစ်နှစ်စင်းနဲ့ 
မျက်နှာသစ်နေတုန်းပဲလား အမေ။

အမေရေ…
ဒီနှစ်လည်း ကရုဏာခေါင်တဲ့ ကန္တာရမှာ
မျက်ရည်ချိန် ဘယ်နှစ်လက်မ ရှိပါသလဲ။
အမေ သားကိုပြုစုစောင့်ရှောက်ခဲ့သမျှ ရလဒ်ကတော့
သားအသက်တနှစ်ကြီးလာတိုင်း
အမေပုတီးတစ်ပတ် ပိုစိပ်လာရတာပဲ ရှိတယ်။

အမေရေ…
ပြန်ဆုံစည်းရေးကို သားက သောကနဲ့ စဉ်းစား
အခန်းကျဉ်းလေးထဲမှာတင် မျက်စေ့လည်သွားတုန်းမှာ
လောကဓံတရားက အသာစီးနဲ့ 
အကွက်ပေါင်းများစွာ ရွှေ့ထားပြီးပြီအမေ။

အမေရေ…
စာအုပ်တွေ ဖတ်ခဲ့ရတုန်းကတော့
ဒီလိုဇာတ်လမ်းမျိုး အသက်ဝင်လာလိမ့်မယ်လို့ 
ကိုယ်တိုင်လည်း ရင်ခွဲ သရုပ်ဆောင်ရလိမ့်မယ်လို့ 
မထင်မိခဲ့ဘူးအမေ။

အမေရယ်..
သောက ဖျောက်နည်း တခုကတော့ ဆိုတယ်။
အနာဂတ်ကို တွေးမပူဘဲ တစ်နေ့ တစ်ခါ နေပါတဲ့။

ဒါပေမယ့် အမေရယ်
အိပ်မက်တွေသီးပွင့်လာမယ့် ရက်စွဲက မသေချာသလို
အတိတ်နဲ့ ပစ္စုပ္ပန်မှာလည်း စက္ကန့် တိုင်းက ခက်ခဲနေမှတော့
စိတ်ကို ဘယ်ကာလမှာများ သွားထားရပါ့မလဲ။

ဒါနဲ့ အမေရေ..
မုသားတွေနဲ့ သီးသန့် ကာထားတဲ့
အပူများနေတဲ့ ကျီးလန့် စာစားကမ္ဘာမှာရော
အဆိုးတွေ ရေချိန်မြင့်
အမျိုးတွေ ငွေတိမ်နစ် နေတုန်းပဲလားအမေ။

အမေရေ
လက်ဗလာ ကြယ်တွေ
မျက်နှာငယ်နေရတဲ့ ညထဲမှာ
သားဘဝလေး ကျကွဲသွားလို့ 
ခွန်အားသစ်တို့ ပို့ ပေးပါ။

ခါက်ဆွဲ နှင့် ကြက်ဥနဲ အပေါ် သစ္စာဖောက်သူများ(ဖြစ်ရပ်မှန်)


ရွှေတစ်ယောက်..
မလေးရောက်စ..
စကားက..မပေါက်
မတောက်တခေါက်နဲ့.......
Ini (အိနိ..ထိုနည်းလည်းကောင်း)
မကြာမကြာသုံးပြီး
အလုပ်တွေကြိုးစား............။

အပေါင်းအသင်းလည်းမများ.....
ဘယ်ကိုမှလည်းမသွား...
ခေါက်ဆွဲနဲ့ ကြက်ဥတွင်တွင်စားရင်း         
ပြောင်းပြန်သွားကားလမ်းတွေကို..
မရဲတရဲ..ကူးနေရတယ်........၊၊

ဘုရားတရား..ပွားများ..
အိမ်အကြောင်း..စဉ်းစား...
စီးပွားရေးအကြောင်း..စဉ်းစား...
အလုပ်တွေအရမ်းလုပ်....
ငွေထုတ်တာနဲ့ အမြန်ပို့................။

အဖေ..အမေဘို့..သားမယားဘို့.....
ကိုယ့်ဘို့တော့နည်းနည်းချန်...
ရှိတာလေးနဲ့ ကြံဖန်စား...
ခေါက်ဆွဲ တစ်လှည့်..ကြက်ဥတစ်လှည့်နဲ့..
မိသားစုတွေ..အပေါ်မှာငဲ့...
အော်.....တော်ရှာပါရဲ့............၊၊

ဒီလိုနဲ့....
ကျင်လည်တာ..ကြာခဲ့ပေါ့...
တစ်နှစ်တာ.........................။

ခုတော့....
စကားလည်း..အတော်ပေါက်..
မာကန်းလားမီနွန်းလားနဲ့ 
အပြင်ဆိုင်တွေရောက်
ရသမျှပိုက်ဆံအိပ်ထဲထည့်
အပေါင်းအသင်းတွေနဲ့တည့်
မြန်မာဆိုင်တွေ..ရောက်....
အရက်..ဘီယာ ကြုံသလိုသောက်...
တစ်ခါတစ်ခါ..ဟိုအတန်းရောက်..........
အလုပ်ရှင်ကိုလည်းမကြောက်....
ရဲ..ဆိုတာလည်းမကြောက်....
မိသားစုကိုခေါက်
ကြက်ဥနဲ့..ခေါက်ဆွဲပေါ်မှာ...
သစ္စာဖောက်...............................၊၊
                              
ဒီလိုနဲ့..ရွှေတစ်ယောက်...
အိမ်ကိုလည်း..ငွေမရောက်တော့ပေ...........၊၊

Gtalk နဲ့  Gmail သုံးသူများအတွက်

မချစ်တတ်သော " လူ " နဲ့  အချစ်ငတ်သော " သူ "

တွေ့ မှ တွေ့ တတ်ပါလေရဲ့နော်
အနေနီးလို့ ဖြစ်သွားတယ်ဆိုတာ
စိတ်မခိုင် စိတ်ယိုင်တတ်သူတွေအတွက်
အမြဲဟောမယ့် တရားသဘောကြီးပါ............................။

ခုတော့ငါသိသွားပြီ
အချစ်မှာ.....................
အပြောင်းလည်းတွေများသလို
အချိုးကွေ့ တွေလည်းပေါတယ်
အတိမ်အနက် ခန့် မှန်းရခက်သလို
အနုတ်အသိမ်းလည်း မြန်တတ်တယ်ဆိုတာကိုပေါ့..............................။

တစ်ပြီးရင် သုံးမလာသလို
ချစ်ပြီးရင်လည်း အမုန်းမပါဘူးဆိုတာ
16 နှစ်လောက်တုန်းက ပဲပြောလို့ ကောင်းတာပါ................................။

တကယ်တော့ ယုံကြည်မှုဆိုတာ
အချိုးကျကျဖွဲ့ တည်ထားတဲ့
သဘာဝဗေဒပု စ္ဆာတစ်ပုဒ်
ရှုပ်တာကို မဟုတ်တာနဲ့ ပေါင်းပြီး
အီစီကလီမာယာသီအိုရီအရ
Equation ချဖို့  မကြိုးစားနေပါနဲ့  တော့.............................။

ခွင့်ပြုတယ်ခွင့်လွတ်တယ်ဆိုတာ
သီချင်းထဲမှာပဲ ဆိုလို့ ကောင်းသလို
ဇာတ်သိမ်းပိုင်းတိုင်း
ညားစေခိုင်းတာလည်း
ဇာတ်လမ်းထဲမှာပဲ သဘာဝကျတာပါ.................................။

ဖြစ်ခဲ့ပြီးမှ   တောင်းပန်တယ်ဆိုတာ
အကြောင်း  မမှန်သူတွေအတွက်
အဆင်ပြေတဲ့ ဆင်ခြေတစ်ခုပဲ
ဆောရီးပါ......ချစ်သူ
ယုံကြည် မပေးနိုင်တဲ့အတွက်
ဝမ်းလည်းမနည်းနဲ့  စိတ်လည်းမဆိုးနဲ့ ........................။

တစ်ခုလုံးမရလို့ တစ်ဝက်ပဲ ယူမယ်ဆိုတဲ့အထဲမှာ
င.. ရေးချ ငါက
မပါရေးချ ...မပါတာတော့
သိတ်စိတ်ပျက်ဖို့ ကောင်းတာပဲ
အများကြီး မရှိတာထက်စာရင်
နဲနဲလေး ရှိနေတာကပိုကောင်းတယ်ဆိုတာ
ပိုက်ဆံကိုပဲ ပြောတာ..............................။

ပြီးခဲ့တာတွေလည်း  ပြီးပါစေတော့
မချိုမြိန်တော့တဲ့
သက္ကရစ်တွေနဲ့ 
အနားအက်ပြီး
ခါးသက်နေတဲ့ နေ့ ရက်တွေကို
နောက်ပြန် မကြည့်ချင်တော့ဘူး
အဆုံးသတ်သိနေတဲ့  ဇာတ်လမ်းလိုပဲ
ရင်ခုန်စရာမှ မကောင်းတော့တာ.......................။

ခုတော့လည်း
 "သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်မှုရှိသည်" ဆိုတဲ့
နယူတန်ရဲ့ သီအိုရီကြီးက
ဒဿဂီရိနဲ့ ငါ့အတွက် မှားနေပေမယ့်
" မဖြစ်နိုင်တာ မရှိ " ဆိုတဲ့
နပိုလီယံရဲ့ အဘိဓာန်က
ချစ်တတ်သူတွေအတွက်
သိတ်မှန်တဲ့ ၀ါကျ တစ်ကြောင်းပဲ
ဘာလို့ လည်းဆိုတော့
ချစ်တဲ့သူကို    မေ့ နိုင်ဖို့ ဆိုတာ
ဘယ်တော့မှ  မဖြစ်နိုင်လို့ ပေါ့............................။

ဘာပဲဖြစ်ဖြစ်ပေါ့ဟာ
 နင်နဲ့ ငါရဲ့ဇာတ်လမ်းဟာ
အာဇာနည်ဆိုဆိုနေတဲ့
ယဉ်ယဉ်လေးရူးလောက် မထူးသလို
ဇော်ပိုင်ပြောပြောနေတဲ့
မဆုံသောလမ်းလောက်လည်း  မဆန်းပါဘူး..........................။

စိတ်မကောင်းတာ တစ်ခုပါပဲ
အိမ်ပြန်ချိန်စောသွားတဲ့
ငါတို့ ရဲ့ အချစ်ငှက်ငယ်လေးအတွက်
ဒီဘ၀ ဒီလိုအဖြစ်မျိုးတွေ
နှိဗ္ဗာန်မရောက်မှီစပ်ကြား
သုံးဆယ့်တစ်ဘုံမှာကျင်လည်နေသ၍
ဘယ်ကမ္ဘာ....ဘယ်အခါ... ဘယ်နေရာမှာမှ
မဆုံပါရစေနဲ့ လို့ ......................................................။

နှလုံးသားဒိုင်ရာ၇ီမှာရှင်သန်ဆဲပါ(သတိ..အသဲကွဲဖူးမှသာဖတ်ရန်)

အမှတ်တရလေးတွေကိုစွဲလမ်း
လေးနက်စွာတန်ဖိုးထာတတ်သူကိုယ့်အတွက်တော့
ပျော်ရွှင်စရာနေ့ ရက်လေးတွေကို
တခဏတာပိုင်ဆိုင်ခဲ့ ရပေမယ့်
တဘ၀စာသတိရတမ်းတနေမှာပါ.........။
 

ရင်ခုန်နွေးထွေးစရာ
အိမ်မက်လေးတွေကို
တခဏသာမက်ခွင်ရခဲ့ပေမယ့်
တဘ၀စာလွမ်းဆွတ်သတိရနေမှာပါ.........။
 

ညင်းသွဲ့ သွဲ့ ဆော့မြူးနေတဲ့
သန်းခေါင်ယံလေပြေအောက်မှာ
တခဏာသာနမ်းရှိုက်ခွင့်ရခဲ့ပေမယ့်
တဘ၀စာသတိရနေမှာပါ.........။
 

ရင်နင့်နာကြည်းစရာစိမ်းကားရက်စက်မှုတွေအတွက်
တခဏသာကြေကွဲခဲ့မိပေမယ်
တစ်ဘ၀စာနားလည်ခွင့်လွတ်နေမှာပါ........။
 

မဝေးသေးတဲ့အချိန်တွေဟာအတိတ်မှာကျန်ခဲ့ပေမယ့်
မေ့မရနိုင်သေးသူကိုယ်အတွက်တော့
ပုံရိပ်ဟောင်းလေးတွေဟာ
နှလုံးသားဒိုင်ယာရီမှာ
ထာဝစဉ်ရှင်သန်နေဆဲပါချစ်သူရယ်......... ။ ။

6 comments:


  1. ဆုတောင်းပြည့်မယ်ဆိုရင်
    မတော်တဆ ငါနိုးထလာတိုင်း
    နင်...ငါ့ဘေးမှာရှိရင် တော်ပါပြီ။
    ငါ..ကျေနပ်ပါပြီ။

    တခါတခါ
    အရူးထပြီး သေလောက်အောင်လွမ်းတဲ့
    ငါ့ရင်ဘတ်ကို အိပ်ဆေးတိုက်ပြီး
    ပြန်အိပ်ခိုင်းဖို့ကောင်းတယ်။

    လွမ်းတယ်ဆိုတာ
    နူးညံသလိုလို ခံစားရပေမယ့်
    ငါ့နှလုံးသား တခုလုံးကို တဆစ်ဆစ်ကိုက်စားပစ်တဲ့
    အက်စစ်တမျိုးပဲ။

    ReplyDelete
  2. အမှတ်တရလေးတွေကိုစွဲလမ်း
    လေးနက်စွာတန်ဖိုးထာတတ်သူကိုယ့်အတွက်တော့
    ပျော်ရွှင်စရာနေ့ ရက်လေးတွေကို
    တခဏတာပိုင်ဆိုင်ခဲ့ ရပေမယ့်
    တဘ၀စာသတိရတမ်းတနေမှာပါ.........။

    ရင်ခုန်နွေးထွေးစရာ
    အိမ်မက်လေးတွေကို
    တခဏသာမက်ခွင်ရခဲ့ပေမယ့်
    တဘ၀စာလွမ်းဆွတ်သတိရနေမှာပါ.........။

    ညင်းသွဲ့ သွဲ့ ဆော့မြူးနေတဲ့
    သန်းခေါင်ယံလေပြေအောက်မှာ
    တခဏာသာနမ်းရှိုက်ခွင့်ရခဲ့ပေမယ့်
    တဘ၀စာသတိရနေမှာပါ.........။

    ရင်နင့်နာကြည်းစရာစိမ်းကားရက်စက်မှုတွေအတွက်
    တခဏသာကြေကွဲခဲ့မိပေမယ်
    တစ်ဘ၀စာနားလည်ခွင့်လွတ်နေမှာပါ........။

    မဝေးသေးတဲ့အချိန်တွေဟာအတိတ်မှာကျန်ခဲ့ပေမယ့်
    မေ့မရနိုင်သေးသူကိုယ်အတွက်တော့
    ပုံရိပ်ဟောင်းလေးတွေဟာ
    နှလုံးသားဒိုင်ယာရီမှာ
    ထာဝစဉ်ရှင်သန်နေဆဲပါချစ်သူရယ်......... ။ ။

    ReplyDelete
  3. အမှတ်တရလေးတွေကိုစွဲလမ်း
    လေးနက်စွာတန်ဖိုးထာတတ်သူကိုယ့်အတွက်တော့
    ပျော်ရွှင်စရာနေ့ ရက်လေးတွေကို
    တခဏတာပိုင်ဆိုင်ခဲ့ ရပေမယ့်
    တဘ၀စာသတိရတမ်းတနေမှာပါ.........။

    ရင်ခုန်နွေးထွေးစရာ
    အိမ်မက်လေးတွေကို
    တခဏသာမက်ခွင်ရခဲ့ပေမယ့်
    တဘ၀စာလွမ်းဆွတ်သတိရနေမှာပါ.........။

    ညင်းသွဲ့ သွဲ့ ဆော့မြူးနေတဲ့
    သန်းခေါင်ယံလေပြေအောက်မှာ
    တခဏာသာနမ်းရှိုက်ခွင့်ရခဲ့ပေမယ့်
    တဘ၀စာသတိရနေမှာပါ.........။

    ရင်နင့်နာကြည်းစရာစိမ်းကားရက်စက်မှုတွေအတွက်
    တခဏသာကြေကွဲခဲ့မိပေမယ်
    တစ်ဘ၀စာနားလည်ခွင့်လွတ်နေမှာပါ........။

    မဝေးသေးတဲ့အချိန်တွေဟာအတိတ်မှာကျန်ခဲ့ပေမယ့်
    မေ့မရနိုင်သေးသူကိုယ်အတွက်တော့
    ပုံရိပ်ဟောင်းလေးတွေဟာ
    နှလုံးသားဒိုင်ယာရီမှာ
    ထာဝစဉ်ရှင်သန်နေဆဲပါချစ်သူရယ်......... ။ ။

    ReplyDelete
  4. အမှတ်တရလေးတွေကိုစွဲလမ်း
    လေးနက်စွာတန်ဖိုးထာတတ်သူကိုယ့်အတွက်တော့
    ပျော်ရွှင်စရာနေ့ ရက်လေးတွေကို
    တခဏတာပိုင်ဆိုင်ခဲ့ ရပေမယ့်
    တဘ၀စာသတိရတမ်းတနေမှာပါ.........။

    ရင်ခုန်နွေးထွေးစရာ
    အိမ်မက်လေးတွေကို
    တခဏသာမက်ခွင်ရခဲ့ပေမယ့်
    တဘ၀စာလွမ်းဆွတ်သတိရနေမှာပါ.........။

    ညင်းသွဲ့ သွဲ့ ဆော့မြူးနေတဲ့
    သန်းခေါင်ယံလေပြေအောက်မှာ
    တခဏာသာနမ်းရှိုက်ခွင့်ရခဲ့ပေမယ့်
    တဘ၀စာသတိရနေမှာပါ.........။

    ရင်နင့်နာကြည်းစရာစိမ်းကားရက်စက်မှုတွေအတွက်
    တခဏသာကြေကွဲခဲ့မိပေမယ်
    တစ်ဘ၀စာနားလည်ခွင့်လွတ်နေမှာပါ........။

    မဝေးသေးတဲ့အချိန်တွေဟာအတိတ်မှာကျန်ခဲ့ပေမယ့်
    မေ့မရနိုင်သေးသူကိုယ်အတွက်တော့
    ပုံရိပ်ဟောင်းလေးတွေဟာ
    နှလုံးသားဒိုင်ယာရီမှာ
    ထာဝစဉ်ရှင်သန်နေဆဲပါချစ်သူရယ်......... ။ ။

    ReplyDelete
  5. တကယ်ချစ်တယ်ဆို နင်သစ္စာရှိပါ

    အချစ်ဆိုတာ လူနှစ်ယောက်ကြားက

    အပေးအယူ ရောင်းကုန်မဟုတ်ပါဘူး

    မ၀ယ်လည်းရောင်းတယ်

    မတောင်းလည်းပေးမယ်

    ငါဘာမှမမျှော်လင့်ဘူး

    နင်ပျော်နေရင် ငါစိတ်ချမ်းသာတယ်

    နင်ပြုံးနေရင် ငါကြည်နူးတယ်

    ငါ့မေတ္တာ ငါသစ္စာ

    နင်မထောက်ခံချင်နေ

    ဘယ်ခါမှ ငါမဖောက်ပြန်ဘူး

    နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေ

    အရောင်မပြောင်းဘူး

    တည်ကြည်တယ်

    ငြိမ်သက်တယ်

    အတိုက်စားခံတယ်

    ဆန်ပေးမှဆီရတယ်ဆိုတာ

    နင်နဲ့ ငါကြားမှာမရှိဘူး

    ဂျင်းစိမ်းနဲ့ မိတ်သလင်လိုလည်း

    မငြိုငြင်ပါဘူး

    နင်လိုချင်ရင်

    ငိုချင်နေတာတောင်

    ပြုံးပြုံးလေးနဲ့ အရှုံးပေးမယ့်သူပါ

    ဘာပဲဖြစ်ဖြစ် အချစ်ဟာ အချစ်ပါပဲ

    တကယ်ချစ်တယ်ဆို နင်သစ္စာရှိပါ........။

    ReplyDelete