Monday, 10 December 2012

ပြက္ခဒိန်ကိုကြည့် ကျမတွေးမိ
ခုချိန်ထိ ကျမကံမကောင်းသေး
အကြင်နာငတ်သူတစ်ယောက်
အကြင်နာပေးသူနောက်
တကောက်ကောက်လိုက်ခဲ့..
လမ်းခုလတ်အရောက် သူကိုယ်ရောင်ဖျောက်
မြစ်တို့၏မာယာဆိုတာ...
ကွေ့ကောက်စီးဆင်းတတ်တဲ့သဘော...
ကျမက အကြင်နာကိုရှူတဲ့သူ
သူက အောက်စီဂျင်ကို ရှူတဲ့လူ ကျမက သူ့အရိပ်နဲ့စကားပြောသူ
သူက စိတ်နဲ့စကားပြောတဲ့လူ
မတူညီတာက အဲဒီက“စ”
သူကပြောတယ်
“သူ့စိတ်နဲ့သူ့ကိုယ်”တဲ့
ကျမက ပြန်ပြောလိုက်တယ်
“ရှင့်အရိပ်နဲ့ကျမကိုယ်”လို့
သူကထပ်ပြောတယ်
“သူမနဲ့ငါ စိတ်ခြင်းလည်းတူတယ် အရိပ်ချင်းလည်းတူတယ်”တဲ့
ဒီနေ့ တနင်္လာနေ့
မိုးက သည်းသည်းမဲမဲရွာနေတယ်
ကျမက သူ့ကိုချစ်တယ်
သူက သူမကိုချစ်တယ်
ကျမတို့နှစ်ယောက်ကြား
ရက်စက်တဲ့သူမက
ဘာလို့ကြားဝင်လာခဲ့တာလဲ
မိုးကပြိုတယ်..ကျမက ငိုတယ်..
မျက်စိကိုမှိတ် အံကိုကြိတ်
ကျမရဲ့ရင်ခွင်မှာ အထီးကျန် သစ်တစ်ပင်ကိုစိုက်
ကျမ သစ္စာဆိုပါမည်

“ကျမ သူ့ကိုချစ်သည်”
“ဤမှန်သည့်သစ္စာစကားကြောင့်
ဘဝတွေ ဘယ်လိုခြားခြား သူ့ရင်ခွင်မှာ ကျမကို မေ့မရပါစေသား”..

No comments:

Post a Comment