“ပေးဆပ်ခြင်း“
အချစ်ကို ရှာဖွေခဲ့တယ်
တွေ့ခဲ့ပါတယ်
ဒါပေမယ့် အချစ်က
ငါ့အတွက်....ပေးဆပ်ရုံသက်သက်ပေါ့
တဖက်သက် ခံစားမှုတွေနဲ့
ငါ့အတွက်
ကြေကွဲခြင်းဆိုတဲ့ အရာတစ်ခုဟာ
မျက်ရည်မိုးတွေရွာသွန်းစေခဲ့တယ်...
ငါ့အတွက်
ရူးသွပ်မှုတွေဟာ
သောကရဲ့ အပူတွေကို ဖန်တီးစေခဲ့တယ်...
မြတ်နိုးရတဲ့ပန်းကို
ရယူဖို့ လှမ်းခဲ့ပေမယ့်
အဆုံးသတ်မှာ
အမုန်းဆိုတာ
သူ့ရဲ့တုန့်ပြန်မှုပေါ့
သေချာပါတယ်
ဝေဒနာကို ငါရှာဖွေခဲ့တယ်ဆိုတာ
သူသိအောင်
ခံစားရသမျှ
ရင်ဖွင့်ပြချင်သော်လည်းနှလုံးသားမှာ သိုသိပ်
ြိကိတ်မှိတ်ကာပဲ နေတော့မယ်...
သူထာဝရ ပျော်ဖို့အတွက်
ပေးဆပ်ခဲ့ရသော ငါ့နှလုံးသား
မျက်ရည်စတွေဝေ
ငိုချင်းတွေရှည်ခဲ့ပေါ့
သူမသိပါစေနဲ့လေ......
No comments:
Post a Comment