Saturday, 15 December 2012
"နေတတ်ပါစေ သူငယ်ချင်း "
သူငယ်ချင်းရေ………
ဘ၀ဆိုတာအနိမ့်အမြင့်
အတက်အကျတွေနဲ့
ဒွန်တွဲနေတဲ့အရာပါ
ဘ၀မှာကျရှုံးမှုတွေနဲ့
ကြုံတိုင်းကိုယ်တစ်ယောက်တည်းလို့
ဘယ်သောအခါမှ မတွေးပါနဲ့
တစ်ကြိမ်ကျရှုံးဖူးတိုင်းအကြိမ်ကြိမ်
ကျရှုံးနေတာမှ မဟုတ်တာ
ကိုယ်ကျရှုံးချိန်တိုင်းမှာ ကိုယ့်ကို
လက်ညှိုးထိုးကဲ့ရဲ့ခဲ့သူကိုလည်း
အပြစ်တွေမမြင်ပါနဲ့။
ပြဿနာတွေနဲ့ ထိပ်တိုင်းရင်ဆိုင်ရတိုင်း
ငါတစ်ယောက်တည်းဖြစ်နေပါလားလို့
စိုးရိမ်စိတ် မ၀င်ပါနဲ့
လူတိုင်းမှာ ပြဿနာကိုယ်စီရှိကြပါတယ်
အကြီး၊အသေး ပဲကွာချင်ကွာမှာပါ။
စိတ်ပျက်အားငယ်မှုတွေကြုံတိုင်း
မျက်ရည်ကိုလက်လွတ်စပယ်
မသွန်ချပါနဲ့
အားတင်းပြီးစိတ်အားငယ်မှုတွေကို
ဖျေဖြောက်ပါ
တစ်ခါတစ်ခါ ကိုယ့်ရဲ့မှန်ကန်တဲ့လုပ်ရပ်ကို
မဟုတ်မမှန် လုပ်ကြံဇာတ်လမ်းဆင်ပြီး
ကိုယ့်အကြောင်းကို ကွယ်ရာမှာ မကောင်းပြောခဲ့ရင်
ဒေါသထွက်ပြီး စောဒကတက်မနေပါနဲ့
ဖြေရှင်းချက်တွေထုတ်မနေပါနဲ့
ပင်ပန်းပါတယ် သူငယ်ချင်းရယ်
နေတတ်သလိုသာ နေပြီး
သူတို့ကို ကျေနပ်ပေးလိုက်ပါ။
အချိန်တန်ရင်
သူ့အလိုလိုပြေပျောက်သွားပါလိမ့်မယ်။
အားလုံးကို ဥပက္ခာပြုပြီးနေလိုက်ပါ။
လောကကြီးက နေတတ်ရင် ကျေနပ်စရာပါ။
ဒီတော့ရေစက်ပါတဲ့ သူတိုင်းနဲ့
နေတတ်အောင် နေပါသူငယ်ချင်း....။
Cinthi ( GTC )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment