Monday, 10 December 2012


ငါဟာ သေစားသေစေ အမိန့်ကျခံထားရတဲ့ နှင်းဆီတစ်ပွင့်..
ငါက ကဗျာကိုသတ်တာလား..
ကဗျာက ငါ့ကိုသတ်တာလား..

ရှေ့နေငှါးမှ ထောင်လုံးလုံးကျခဲ့ရ
မသကာ အယူခံလေးတော့
ပေးဝင်သင့်တာပေါ့ကွယ်

ဘယ်လိုပဲဖြစ်ဖြစ်
နင့်ကို ငါ ခွင့်လွှတ်တယ်..
နေဝင်ချိန်စည်တီး
ပန်းသတ်သမားတို့ ငါ့ကိုမျှော်

သွားတော့မယ် အချစ်ရယ်
နောက်ဆုံးကြိုးမိန့်အတွက်
ငါ့မျက်လုံးတွေအမှိတ်
စိတ်ထဲက ဆန္ဒလေးတစ်ခု...

ကဗျာတစ်ခွက်လောက်တော့
နောက်ဆုံးသောက်ခဲ့ပါရစေ...

No comments:

Post a Comment