Monday, 10 December 2012



ရင်ထဲက နှင်းဆီ
သွေးချင်းချင်းနီ
မကျင်လို့“စူး”သလားကွယ်
ကိုယ် ကိုယ်တိုင်ရွေးချယ်တဲ့ပန်း
ဒီရင်ခွင်ထက်မယ်
အချစ်ဆူးကလေး စူးသွားတယ်
ဆူးဆိပ်သင့်လို့ကြေကွဲ
ဒီရင်ခွင် ဥယျာဉ်ထဲက
အပြီးအပိုင်ဆွဲနှုတ်
ကိုယ့်အသည်းက တနုတ်နုတ်
မုန်းမယ်ဆို မုန်းစေတော့ကွယ်
ကြိမ်ဆိုမယ် စိတ်နာစကား
နှင်းဆီနီ ကြားသိစေသား
“ကျမရှိတဲ့အရပ်
မည်သူမဆို နှင်းဆီပင်စိုက် မရှင်သန်ပါစေနဲ့
နှင်းဆီရနံ့ဆင်း မသင်းပျံ့ပါစေနဲ့
နှင်းဆီအမည်ပေါ် မခေါ်မိပါစေနဲ့
နှင်းဆီနဲ့ပတ်သက် မစပ်ယှက်ပါစေနဲ့
နှင်းဆီအသိုင်းဝိုင်းကြား
ကျမလေ..
အတိတ်မေ့သောသူသာ ဖြစ်ပါရစေ...”

No comments:

Post a Comment