Saturday, 15 December 2012

ပေးဆပ်ခြင်းနဲ့ ချစ်မယ့်သူ ဂုဏ်ဓန မရှိ သုညအတိ ဖြစ်နေတဲ့ ငါ့ဘ၀ထဲကို ငါမဖိတ်ခေါ်ဘဲ နင်ရောက်လာခဲ့တယ် အပြောဆိုး သဘောရိုး အကျည်းတန် ဂျမ်းတောလေးကို မင်းက သည်းခံကာ ခွင့်လွှတ်ပြီးချစ်ပေးခဲ့တယ် သူများတွေလို ပလီပလာတီတီတာတာတွေ မပြောတတ်သူကို မင်းက တလေးတစား အလေးထားပြီးချစ်ခဲ့တယ် ငါ့ဘက်က စိုးရိမ်စိတ်တွေများနေတာလား မင်းကပဲ လူချစ်လူခင်ပေါတာလား မင်းအနားမှာ ကောင်မလေးတွေဝိုင်းနေရင် ငါ့မှာ ဘ၀င်မကျ ရင်နာရတယ် တစ်ချိန်ချိန်မှာ ငါ့ကိုထားသွားမှာကို စိုးထိတ်မိတယ် ငါတို့တွေ အပေးအယူမျှမျှချစ်နေတာကို ဘေးလူတွေကပြောတယ် သူကနင့်ကို အပျော်တွဲတာပါတဲ့ ဒီစကားက ငါ့နားဝမှာ အစဉ်ခဏခဏကြားရလို့ မကြာခဏ ငါက ဆင်ဆာဖြတ်တယ် ချစ်သူရေ…….. နင့်ကိုလက်လွှတ်အဆုံးအရှုံးမခံချင်သလို မသာယာလှတဲ့ င့ါဘ၀ထဲကိုလည်းဆွဲမခေါ်ချင်ဘူး အမြဲမပျော်ရွှင်နိုင်တဲ့ ငါ့ဘ၀ဆိုးထဲမှာ မင်းကြာကြာမနေနိုင်မှာလည်းစိုးတယ် မင်းဘက်ကတော့ အချစ်မလျော့ ခုချိန်ထိငါ့ကိုချစ်နေပေးတာကို အရမ်းဝမ်းသာမိပါတယ် တကယ်တော့ ပူလောင်တဲ့ အချစ်တွေကို ငါကိုယ်တိုင်က ယူဆောင်တာပါ နင့်ဘက်ကပေးခဲ့တာမဟုတ်ပါဘူး။ မတူညီတဲ့ ဘ၀နှစ်ခုကိုပေါင်းစပ်ချင်ပေမယ့် ပေါင်းဖက်လို့မရတဲ့အတွက် ချစ်သူရေ နင့်ဘက်ကစပြီးငါ့ကိုလမ်းခွဲလိုက်ပါ အသဲမာလို့ခွဲခွာခိုင်းတာမဟုတ်ပါဘူး ဒီအသဲညှာက ဖြစ်နိုင်ရင် တစ်သက်တာလုံး မင်းအနားမှာမခွဲမခွာ အမြဲလိုရှိနေချင်တာပါ...။ ချစ်သူရယ်………………….. ဂုဏ်ဒြပ်တူတဲ့ သူနဲ့စုံမက်တာကို ငါက မကျေမနပ်မဖြစ်ပါဘူး ပီတိမျက်ရည်တွေနဲ့ အဝေးတစ်နေရာက ဆွေးမြည့်စွာ ကျေနပ်နေမှာပါ။ မင်းနဲ့ခဏတာဆုံဆည်းခွင့်ရခဲ့တာကို တစ်သက်တာတွေးပြီးကျေနပ်နေမှာပါ ချစ်တဲ့ကာလတစ်လျှောက်မှာ မင်းနဲ့ပတ်သက်ပြီး ဘယ်သောအခါမှ မကျေနပ်ချက်တွေမရှိခဲ့သလို အမုန်းတရားတွေလည်း ငါ့နှလုံးသားမှာမရှိခဲ့ပါ။ ပေးဆပ်ခြင်း၊ စွန့်လွှတ်အနစ်နာခံခြင်း ဆိုတဲ့ ဆောင်ပုဒ်လေးနဲ့အညီ မင်းကိုအဝေးတစ်နေရာက ဆွေးမပြေစွာ ချစ်နေဆဲပါဆိုတာ ချစ်သူယုံကြည်စေချင်ပါတယ်..................၊၊ Cinthi ( GTC )

No comments:

Post a Comment