Saturday, 15 December 2012
မလွမ်းနဲ့ ချစ်သူ
မလွမ်းထိုက်ပါဘူး
ကော်ဖီသောက်တိုင်းရင်မတုန်ပေမယ့်
မင်းကိုတွေ့တိုင်းရင်ခုန်တယ်
တော်ရုံဆိုမျက်လုံးဝေ့မကြည့်ပေမယ့်
မင်းကိုမြင်ရင်တော့ ဒီမျက်ဝန်းကခိုးကြည့်မိတယ်
ချစ်ခြင်းအစ မျက်ဝန်းကမို့
မင်းနဲ့ငါချစ်သူတွေဖြစ်ခဲ့ကြတယ်
ချစ်စခင်စကြင်နာစမို့
ချစ်သူပြောသမျှ အကုန်သဘောကျ
အချိန်တိုင်းဖုန်းဆက်
အချိန်တိုင်း on line တက်
တစ်စက္ကန့်လေးတောင်အဝေးမခံ
ဒို့တွေ ချစ်လိုက်ကြတာ
သူများတွေတောင် လှောင်ပြောင်ချင်စရာ
ချစ်သူ ခဏခဏပြောတာက
ငါက လွဲရင် ဖွဲ နဲ့ဆန်ကွဲ
Chatting ထဲလာသမျှလူ အကုန် Block မှာတဲ့
ချစ်သူပြောတာ ကိုယ်ယုံစား
ဘေးလူစကားကိုအရေးမထား
ပျော်စရာဆိုရင် ချစ်သူနားကပ်အပျော်တွေ မျှဝေပေးလို့
စိတ်ညစ်စရာဆို ချစ်သူမသိအောင်ကြိတ်မှိတ်လို့
ငါ့ဘက်ကတော့ချစ်လိုက်ရတာ
သက်ဆုံးထိ ပေါင်းဖက်ဖို့ ရည်ရွယ်ထား
မင်းကိုကြင်နာတတ်သူလို့ထင်မှတ်ပြီး
ကြင်ရာဖက်အဖြစ်ရွေးချယ်ထား
မင်းကတော့ ငါမသိတဲ့ နောက်ကွယ်မှာ
တစ်ခြားတစ်ယောက်နဲ့ ဖောက်ပြား
ငါ့ရှေ့ကျတော့ ယုန်သူငယ်အလား
ဖောက်ပြားတာကို သိရက်နဲ့ ဆက်ချစ်ရအောင်
ငါက ငအ လား
ထောက်ထားမညှာဘဲ ဖောက်ပြားတတ်တဲ့မင်းကို
မောက်မှားစွာ ချစ်ခဲ့မိတာ ငါ့အမှား
သစ္စာတရားကိုတန်ဖိုးမထား ငါ့အချစ်ကိုစော်ကား
အညတရအသဲကို မလှမပခွဲတဲ့မင်းကို
ဒီကလည်း တသသလွမ်းနေမယ် မထင်ပါနဲ့
စိုင်းစိုင်းခမ်းလှိုင် သီချင်းလို
မလွမ်းလောက်ပါဘူး
ကျရှုံးသွားတဲ့ ငါ့နှလုံးသားကို
ဖြစ်နိုင်ရင် ယဇ်ပူဇော်လိုက်မယ်
ဒါပေမယ့် မင်းကိုတော့ ထပ်မချစ်ချင်တော့ပါ။
မင်းအတွက်နဲ့ အချစ်တွေကုန်ခမ်းသွားပေမယ့်
ကုန်ဆုံးမသွားသေးပါ။
ဖြစ်နိုင်ရင် မင်းမဟုတ်တဲ့ တစ်စုံတစ်ယောက်ကို
ပုံအောပီးချစ်ပစ်လိုက်မယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment