ဝေးတဲ့စိတ်
ဝေးတဲ့စိတ်မြို့လေးနဲ့လဲ............ဝေးကျွန်တော်ချစ်တဲ့အဖေ အမေနဲ့ လဲ...ဝေးကျွန်တော်ချစ်တဲ့ ရွာလေးနဲ့ လဲ...ဝေးကျွန်တော်ချစ်တဲ့ မြိုင်မြို့လေးနဲ့လဲဝေး..........ဝေးအဝေးတစ်နေရာကိုရောက်နေတဲ့ သား စိတ်ထဲမှာတွေးလို့  ဖြေဖျေက်နိုင်ဖို့ အဝေးရောက်တဲ့ သား အဖေ အမေရဲ့ ဆုံးမသံတွေကို ကြားချင်နေမိခဲ့တယ် ။အဖေ အမေရဲ့ ဆုံးမသံစကားတစ်ခွန်းဟာနေမင်းတစ်စင်းလို လင်းထင်းစေတယ် ... အဖေ အမေရဲ့ ဂရုဏာဒေါသဟာသားအတွက်သောကတွေအကုန်ငြိမ်းစေနိုင်သလိုအဖေ အမေ့ရဲ့ အပြုံးတစ်ချက်မှာသားအတွက်တစ်ဘဝဆက်နိုင်ခဲ့တယ် ...ဝေးစိတ်ကလေးရယ် ...အဖေ အမေဆုံးမသံတွေဟာသားဖြတ်သန်းရမဲ့ နောက်မနက်ဖြန်တွေအတွက် ဝေးစိတ်ကလေးတွေကိုဖြေဖျောက်နိုင်မဲ့ အားဆေးတစ်ခွက်ပါ လွမ်းလှပြီး သားချစ်တဲ့ဖေဖေနှင့်မေမေ
မင်းမင်းဇော်
Monday, 29 July 2013
Sunday, 28 July 2013
ငါ့ရဲ့နှလုံးသားရပ်ဝန်း
တကယ်ပါချစ်သူ…
တကယ်ပါချစ်သူ….ပေးဆပ်မှုတောင်ပံတစ်စုံရဲ့အောက်မှာဖြူစင်တဲ့နှလုံးသားရပ်ဝန်းရှိတယ်….။မြှားတစ်စင်းဆင်ရုံလေးနဲ့တော့မကျီစားပါနဲ့…ချစ်သူရယ်….ပြိုကျခဲ့ရတဲ့ အိပ်မက်ရှည်တွေကိုအခါခ်ါခေါက်သိမ်းရင်း…မြတ်နိုးမှုသက်သက်နဲ့တင်ကျေနပ်မိသူတစ်ယောက်ကိုမှအလွမ်းတွေ…ပန်းလိုသီဖို့ဝေဒနာပန်းတစ်ခင်း ဖန်ဆင်းပေးရက်တယ်…။ ။ငါသာလျှင်..မင်းရဲ့အကြည့်မင်းရဲ့အပြုံးတို့စေစားရာ။ငါသာလျှင်.မင်းရဲ့အသံမင်းဟန်တို့ရဲ့ရည်မှန်းရာ။ငါသာလျှင်..မင်းနှလုံးသားမင်းအတွေးတို့ပိုင်စိုးရာ။မမြဲ……..ဖြစ်နေချင်ခဲ့။မင်းနဲ့ပတ်သက်သမျှအရာအားလုံးလိုချင်တပ်မက် တောင့်တရင်းနဲ့…ချစ်သူငါ့အနားမှာမင်းမရှိခဲ့၇င်တောင်……မင်းအနားမှာ…ငါမှတပါး….အခြားဘယ်သူကိုမှ…မရှိစေချင်ပါ။ ။

ချစ်သူဖတ်ဖို့…..
ချစ်သူသတိရစိတ်တွေ..ပိုပိုတိုး..ရင်ထဲမှာ နွေလိုမျိုးပဲ..ပူပြင်းလောင်မြိုက်..လွမ်းဆွတ်ခြင်းတွေနဲ့..မှောင်မိုက်လို့လေ….ဝေးနေတဲ့ခါ..တစ်စက္ကန့်ကို တစ်ကမ္ဘာထင်တတ်သူမို့အရာရာကို စတေး..ငါ့အနားမှာ.. မင်းရှိနေဖို့ပဲ အရေးကြီးပါတယ်…ငါ့ မနက်ဖြန်တွေလည်းမင်းကို ချစ်တဲ့ အချစ်နဲ့ လှပနေတတ်ပြီမို့..စိတ်မချတဲ့ အတွေး..နည်းနည်းမှ မမွေးပါနဲ့နော်…ဘာလို့လဲဆို…မင်းမျက်နှာ ညိုရင်…ငါ့ကမ္ဘာ တစ်ခါပြိုတယ်လေ……ထားခဲ့တဲ့ ကတိသစ္စာတွေနဲ့…လက်ကို ခိုင်ခိုင်တွဲ…အခက်အခဲတွေကို…ရင်ဆိုင်တိုက်ပွဲ ဆင်နွှဲကြမယ်…..တစ်ယောက်ကို တစ်ယောက်ထူမတ်…တစ်ယောက်နဲ့တစ်ယောက် ကျောချင်းကပ်လို့…ဘ၀ရဲ့ နက်နဲတဲ့ပုစ္ဆာ…ငါတို့တွေ အဖြေရှာကြမယ်…အပေးအယူမျှတ..အချင်းချင်းဖေးမလို့…ခါးသီးတဲ့နေ့တွေကို ကျော်ဖြတ်…နားလည်မှုတွေနဲ့.. ခရီးဆက်ကြမယ်…..သံသရာ အဆက်ဆက်…လက်တွဲဖော်..ပါရမီဖြည့်ဘက်အဖြစ်…မင်းနဲ့အတူဆို…ဘယ်တော့မှ……ငါ့စိတ်မှာ မငြိုငြင်ဘူးလေ………။

အဆုံးရှုံးခံ နှလုံးသား
ငါ့နှလုံးသားထက်ကအချစ်ဆိုသော စာမျက်နှာငါချစ်တဲ့ နင့်ကြောင့်သာအသက်ဝင်တယ်…..ငါမရင်းနှီးသေးသောငါနှလုံးသားရဲ့နောက်စာတစ်မျက်နှာနင်စိတ်တိုင်းကျဇာတ်ညွန်းတို့နဲ့ ပုံဖော်လှည့်ပါနင်ထားရာနေ စေရာသွားနင့်အလိုကျ (ငါ) ကပါ့မယ်ချစ်သူ…..နင်ပျော်မယ်ထင်ရင်ငါ့ရင်ကို စုံကန်လို့ငါ့နှလုံးသားကိုနင်းချေ ထွက်သွားလိုက်ပါနင့်ကိုမုန်းဖို့မတတ်နိုင်မှတော့နင်မယုံကြည်နိုင်တဲ့ငါ့အချစ်တွေကိုသာအပြစ်ပုံချလို့ကြေမွနေတဲ့ ငါ့နှလုံးသားကိုမြေမြှပ်ပစ်ဖို့ ကြိုးစားလိုက်ပါ့မယ်……နင့်ဘ၀အတွက်လမင်းတစ်စင်းအဖြစ်လင်းလက်ခွင့်မရရင်တောင်နင့်ဘ၀မှောင်မိုက်ချိန်မှာအလင်းပေးနိုင်တဲ့ကြယ်တစ်စင်းဖြစ်ပါရစေ…“အလျှော့ပေးလို့ရောင့်တတ်တယ်”လို့တော့မထင်လိုက်ပါနဲ့ ချစ်သူဖြစ်နိုင်ရင်အလင်းပေးရုံမကနင်လမ်းပျောက်ခဲ့ရင်လမ်းပြခွင့်ရတဲ့ဓူဝံကြယ်လေး ဖြစ်ပါရစေ…နင့်ဘ၀အတွက်ငါမလိုအပ်တော့၇င်တောင်မှနင့်ဆုတောင်းတွေပြည့်နိုင်ဖို့ငါ့ကိုငါကြွေစင်းပေးပါ့မယ် ချစ်သူ….အရာရာ နင့်အလိုကျဖြစ်စေခဲ့တဲ့ ငါနင်ပြောသမျှခေါင်းညိတ်နေတတ်ခဲ့ပြီ….စိတ်တိုင်းကျအနိုင်ယူလှည့်ပါ ချစ်သူငါမင်းအတွက်အမြဲတမ်း အရှုံးပေထားလို့ပါ…“ကိန္ဒရာမောင်နှံတစ်ညတာ ကွေကွင်းရတာကိုတစ်ဘ၀လုံးလွှမ်းဆွေးငိုကြွေးတယ်”တဲ့မင်းမချစ်နိုင်တဲ့ငါ့နှလုံးသားအတွက်ဒီတစ်ဘ၀လုံးမကပါဘူးနောင်ဘ၀ဆိုတာသာရှိခဲ့ရင်သံသရာ အဆက်ဆက်(ငါ)ငိုကြွေးပါရစေ…..တမြေ့မြေ့ညှဉ်းမသတ်ပါနဲ့ ချစ်သူငါ့နှလုံးသားထက်ကဒဏ်ရာဟောင်းတောင်အနာမကျက်သေးလို့ပါ…နင့်ကြောင့်သာ အချစ်ကိုကိုးကွယ်တတ်ခဲ့သူပါချစ်တတ်အောင်သင်ပေးခဲ့ပြီးမှမုန်းတတ် နာကျဉ်းတတ်အောင်သင်ပေးခဲ့ပါဦး ချစ်သူ…ဖြစ်နိုင်ရင်ချစ်တတ်တဲ့နှလုံးသားကိုမီးရှို့ပြာချလို့အချစ်မဲ့ ၀န်းကျင်သစ်မှာရှင်သန်အောင် ကြိုးစားကြည့်ချင်တယ်…နင်မရှိတဲ့ ငါရဲ့ညတိုင်းကိုအလွှမ်းတွေကသာစိုးမိုး ခြယ်လှယ်တယ်…ဒါပေမဲ့ ချစ်သူအရှင်လတ်လတ်ရင်ခွဲခံပြီးမှတော့အသေးအမွားဒဏ်ရာ(အလွှမ်း)လောက်ကိုနာကျင်တယ်လို့မညည်းညူချင်တော့ပါဘူး.။….။

Friday, 26 July 2013
ဝေးနေရင်လည်း
ဝေးနေရင်လည်း
ဝေးနေရင်လည်း မိုင်တွေဘယ်လောက်ပဲဝေးပါစေ တန်တိုင်းတွေဘယ်လောက်ပဲခြားနေပါစေ တယောက်တစ်ပြည်ဝေးလို့ နေရင်လည်းကိုယ့်၏အတွေးအသဲထဲမှာတစ်ယောက်တစ်နေရာနေရရင်လဲမဝေးပါ ချစ်သူ.... အချစ်ဦးမို့လို့ စွဲလန်းတယ်.......ချစ်သူရယ်…။

Wednesday, 24 July 2013
အပြုံးပိုင်ရှင်
အချစ်သူရေမင်းလေးအပြုံးကိုကိုလေ တွေးမိတိုင်း စိတ်ထဲမှာပျော်ရွှင်မိပါတယ် ချစ်သူရေချစ်သူရေမင်းလေးနဲ့  ပြောနေရတဲ့အချိန်ဆိုရင် ကို စိတ်တွေထဲမှာအလိုလို ပျော်ရွှင်ကြေးနူးမိပါတယ်ချစ်သူရေ............မင်းလေးနဲ့ မတွေ့ ရတဲ့နေ့ တွေဆိုရင် သောက စိတ်တွေဝေလွမ်းဆွဲမိတာ အမှန်ပါ ချစ်သူရေ
Subscribe to:
Posts (Atom)